ဘာကြောင် ညာဘက်ဇတ်အနာများသလဲ?
၁။ အသက်အရွယ်ကြောင့်ပျက်စီးခြင်း
အသက်အရွယ်နဲ့အသုံးများတဲ့အခါ တစ်ဖြည်းဖြည်းချင်း ပျက်စီးလာတတ်တယ်။ ဒါတင်မကဘဲ တစ်ခြားအခြေအနေတွေဖြစ်တဲ့
- ရောင်ရမ်းတာ
- အာရုံကြောဖိမိတာ
- လည်ပင်းဆစ်ကျိုးတာ
- အဆစ်ရောင်တာ
- လည်ပင်းဆစ်ပျက်စီးတာတွေကြောင့်လည်း ဖြစ်တတ်တယ်။
၂။ အိပ်စက်ပုံမမှန်ခြင်း
အိပ်တဲ့အခါ ကိုယ်ဟန်အနေအထား၊ အုံးတဲ့ခေါင်းအုံးအရေအတွက်၊ အိပ်ရာအပျော့အမာတွေပေါ်မူတည်ပြီးတော့ အိပ်ရာကနိုးတဲ့အခါ ဇတ်နာတာ၊ ပုခုံးနာတာ၊ ခါးနာတာတွေ ဖြစ်တတ်တယ်။
၃။ ဘာကြောင့်မှန်းမသိတဲ့လည်ပင်းနာခြင်း
တစ်ခါတစ်လေ ဘာကြောင့်နာမှန်းမသိ နာတတ်တယ်။ လည်ပင်းကြွက်သားကို ဒဏ်ဖြစ်လို့ ဖြစ်တာများတယ်။ လည်ပင်းကိုအကြာကြီး လိမ်ထားလှည့်ထားတာကြောင့် ဖြစ်နိုင်တယ်။ အထူးသဖြင့် အလုပ်မှာအကြာကြီး ရှေ့ငိုက်ပြီးလုပ်တတ်တဲ့လူတွေမှာ ဖြစ်တတ်တာကြောင့် သတိထားဖို့လိုမယ်နော်။
၄။ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှု
စိတ်ဖိစီးမှုက ကြွက်သားတွေကို တောင့်တင်းစေတယ်။ ဒီလိုတောင့်လာလို့ နာတတ်တယ်။
၅။ အုန်းလွဲခြင်း
ဒီရောဂါဟာ လည်ပင်းတစ်ခြမ်း နည်းနည်းလိမ်သွားပြီး ပြန်လှည့်ရတာ အရမ်းနာတတ်တဲ့ အခြေအနေတစ်ခု ဖြစ်တယ်။ ဘာကြောင့်ဖြစ်မှန်းလည်း မသိတာများသတဲ့။
အများစုက ကြွက်သားတွေအရွတ်တွေဒဏ်ဖြစ်တာကြောင့် ဒါမှမဟုတ် လည်ပင်းကိုအကြာကြီးအအေးခံတာကြောင့် ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြတယ်။
ညတွင်းချင်းဖြစ်တတ်ပြီး အိပ်နေတုန်းကအကောင်း၊ အိပ်ရာကနိုးလာတော့ ခေါင်းတောင်လှည့်လို့မရတော့တာမျိုး ဖြစ်နိုင်တယ်။ အများစုကတော့ ရက်ပိုင်းလောက်မှာ ပျောက်သွားပြီး ပုံမှန်အတိုင်းပြန်လှုပ်နိုင်တာတော့ များပါတယ်။
ဒါပေမယ့် တစ်ခါတစ်လေ အလုံးအကျိတ်၊ ပိုးနဲ့ ဆေးရဲ့နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ဖြစ်တတ်သေးတယ်။ ဒါကြောင့် သိပ်တော့မပေါ့သင့်ဘူး။
Bio Adult 1

၆။ Brachial plexus လို့ခေါ်တဲ့ နာဗ်အာရုံကြောစု ထိခိုက်ခြင်း
Brachial plexusဆိုတာ လည်ပင်းကျောရိုးအာရုံကြောမကြီးကနေ လက်တွေတစ်လျောက်ကိုသွားတဲ့ အာရုံကြောစုကြီးဖြစ်တယ်။
ဒီအာရုံကြောစုကြီးကို အာကစားလုပ်ရင်း ထိမိတာ၊ ကားတိုက်ပြီးထိမိတာတွေရှိခဲ့ရင် လည်ပင်းတင်မက၊ လက်တွေထိတောက်လျောက်ပါ နာနေတတ်တယ်။
၇။ ကြာပွတ်ပုံထိခိုက်မှုဒဏ်ရာ
ကားတိုက်တဲ့အခါမျိုး၊ အားကစားလုပ်တဲ့အခါမျိုးနဲ့ အခြားအခြေအနေအကြောင်းအမျိုးမျိုးတွေမှာ ခေါင်းရုတ်တရက်ရှေ့ကိုငိုက်ကျပြီး နောက်ကိုပြန်လန်တဲ့ ထိခိုက်မှုမျိုးမှာ လည်ပင်းကို ဒဏ်ဖြစ်စေတယ်။ ဒီလိုထိခိုက်မှုပုံက ကြာပွတ်ရိုက်တဲ့ပုံနဲ့ တူလို့ ကြာပွတ်ပုံထိခိုက်မှုလို့လည်း ခေါ်ကြတယ်။
၈။ လည်ပင်းအာရုံကြောထိခိုက်ခြင်း
ကျောရိုးဆစ်ကနေထွက်လာတ့ဲအာရုံကြောတွေကို ထိခိုက်မိရင် လက်မောင်းတစ်လျောက်ပြန့်ပြီး နာတတ်တယ်။
ဇတ်နာတတ်တာလည်း ရှိပေမယ့် အဓိက
• လက်တစ်လျောက်ထုံကျင်ခြင်း
• အပ်နဲ့ဆွသလိုစူးခနဲစူးခနဲဖြစ်ခြင်း
• လက်မောင်းတစ်လျောက်နာကျင်၊ အားပျော့ခြင်း
ဒီလိုလက္ခဏာတွေနဲ့ လာတတ်တယ်။
ဘာကြောင့်ဒီလိုလည်ပင်းအာရုံကြောထိခိုက်ရလဲဆိုတော့
လည်ပင်းကျီးပေါင်း၊ လည်ပင်းအဆစ်ရောင်တာ၊ အဆစ်ပြားကျွံထွက်တာ စတာတွေကြောင့် ဖြစ်တတ်တယ်။
၉။ ပိုပြီးရှားပါးတဲ့အကြောင်းရင်းတွေကတော့
• သွေးလေးဘက်နာ
• ကင်ဆာ
• ပြင်းထန်ဒဏ်ရာ
• အာရုံကြော၊ ကျောရိုး၊ ကျောရိုးအာရုံကြောမ တွေကို ထိခိုက်ခြင်း
• ရောဂါပိုး
• အရိုးရောဂါတွေ …..ဒီလိုအကြောင်းရင်းတွေကြောင့်လည်း ဖြစ်တတ်သေးတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Bio Adult 2

(Unicode)
ဒီလိုလက်ခဏာတှနေဲ့ လာတတျတယျ။
Dr. Mya Phoo Ngon (www.drmyanmar.com)
















