/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိပ်မပျော်ရသည့်-အကြောင်းအရင်း-၈ချက်

အိပ်မပျော်ရသည့် အကြောင်းအရင်း (၈)ချက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အိပ်မပျော်ခြင်းဟာ လူအများစုမကြာခဏကြုံရလေ့ရှိတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ နှစ်ခြိုက်စွာ အိပ်ပျော်မှသာလျှင် ကျန်းမာရွှင်လန်းသော ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေမယ့် အရာများကို ရှောင်ရှားနိုင်အောင် ဖော်ပြလိုက်ပါတယ်။

1.  ညအိပ်ရာ၀င်ခါနီးမှ အရက်သောက်ခြင်း

       ညဥ့်နက်ချိန်ရောက်မှ အရက်သောက်တာကြောင့် အိပ်ရာ၀င်တဲ့အခါ  အိပ်မပျော်နိုင်ရုံသာမက နောက် တစ်နေ့မနက် အရောက်မှာလည်း စိတ်လက်မကြည်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးချိခြင်းတို့ကို ခံစားရပါလိမ့်မယ်။

 

2.  ညပိုင်းလေ့ကျင့်ခန်းလုပ်ခြင်း

        ညကျမှ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်းကလည်း အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေ ပါတယ်။ အိပ်ရာမ၀င်ခင်မှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်တာကြောင့် ဇီ၀ရုပ်ဖြစ်ပျက်မှုကို မြန်ဆန်စေပြီး နှလုံး ခုန်နှုန်းကို မြန်စေတာကြောင့် ကောင်းမွန်စွာ အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။

 

3.  ညဦးပိုင်းတွင် အသားဓာတ်များသောအစားများ အလွန်အကျွံစားမိခြင်း

        ညဦးပိုင်းတွင်  အသားဓာတ်များတဲ့အစားအစာတွေကို အလွန်အမင်းစားတာဟာ အစာခြေစနစ် ကို နှောင့်နှေးစေပြီး အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။

 

4.  ကဖင်းဓာတ်ပါသော အစားအသောက်များစားသုံးခြင်း

        ကဖင်းဓာတ်ဟာလူကို တက်ကြွစေတာကြောင့် အိပ်ရာ၀င်ခါနီးချိန်မှာ ကဖင်းဓာတ်ပါတဲ့ အစားအသောက် (ဥပမာ- ချောကလက်၊ ကော်ဖီ၊ လက်ဖက်ရည်) တို့ကို မစားသုံးသင့်ပါဘူး။  ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ 5-7 နာရီကြာ ရှိနေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ မှာ ကော်ဖီ 2 ခွက် (သို့) 2 ခွက်နဲ့ အထက်သာ သောက်သုံးသင့်ပါတယ်။

 

5.  အိပ်မပျော်မှာစိုးရိမ်ခြင်း

        အိပ်မပျော်မှာကို ပူပန်တဲ့စိုးရိမ်စိတ်ကလည်း အိပ်စက်ခြင်းကိုထိခိုက်စေပါတယ်။

 

6.  ရှုပ်ပွသောအခန်း

        ရှုပ်ပွပြီးသန့်ရှင်းမှုမရှိတဲ့ အခန်းဟာလူရဲ့စိတ်ကို ပိုမိုရှုပ်ထွေးစေပါတယ်။ ဒါကြောင့် ရှုပ်ပွနေတဲ့အခန်းမှာ အိပ်ပျော်ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။

 

7.  အခန်းတွင်းတွင် အလင်းရောင်များနေခြင်း

        မျက်လုံးကိုထိတွေ့တဲ့ အလင်းရောင်ဟာဦးနှောက်ကို နိုးကြားစေရန်လှုံ့ဆော်ပေးတာကြောင့် ညဘက်မှာ အိပ်မပျော်တော့ပါဘူး။ ဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် အခန်းအလင်းရောင်ကိုမှိန်မှိန် ထားသင့်ပါတယ်။

 

8.  မနက်ပိုင်းအိပ်ရာထချိန်နောက်ကျခြင်း

          တစ်ပတ်တစ်ရက်လောက် အိပ်ရာထချိန်နောက်ကျတာဟာ ကိစ္စမရှိပေမယ့် အချိန်ကာလကြာရှည်စွာ အိပ်ရာထချိန်နောက်ကျတဲ့ အကျင့်စွဲလာရင် (ဥပမာ - မနက် 10 နာရီလောက်မှထရင်) ညအချိန် အိပ်စက်ရာမှာ ထိခိုက်စေပါတယ်။

 

Dr.Htet Htet Aung

www.drmyanmar.com