/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဘာကြောင်-ညာဘက်ဇတ်အနာများသလဲ

ဘာကြောင် ညာဘက်ဇတ်အနာများသလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

၁။ အသက်​အရွယ်​​ကြောင်​့ပျက်​စီးခြင်​း

အသက်​အရွယ်​နဲ့အသုံးများတဲ့အခါ တစ်​ဖြည်​းဖြည်​းချင်​း ပျက်​စီးလာတတ်​တယ်​။ ဒါတင်​မကဘဲ တစ်​ခြားအ​ခြေအ​နေ​တွေဖြစ်​တဲ့

  • ​ရောင်​ရမ်​းတာ​
  • အာရုံ​ကြောဖိမိတာ
  • လည်​ပင်​းဆစ်​ကျိုးတာ
  • အဆစ်​​ရောင်​တာ
  • လည်​ပင်​းဆစ်​ပျက်​စီးတာ​တွေ​ကြောင်​့လည်​း ဖြစ်​တတ်​တယ်​။

၂။ အိပ်​စက်ပုံမမှန်​ခြင်​း

အိပ်​တဲ့အခါ ကိုယ်​ဟန်​အ​နေအထား၊ ​အုံးတဲ့ခေါင်​းအုံးအ​ရေအတွက်​၊ အိပ်​ရာအ​ပျော့အမာ​တွေ​ပေါ်မူတည်​ပြီး​တော့ အိပ်​ရာက​နိုးတဲ့အခါ ဇတ်​နာတာ၊ ပုခုံးနာတာ၊ ခါးနာ​တာ​တွေ ဖြစ်​တတ်​တယ်​။

၃။ ဘာ​ကြောင်​့မှန်​းမသိတဲ့လည်​ပင်​းနာခြင်​း

တစ်​ခါတစ်​​လေ ဘာ​ကြောင်​့နာမှန်​းမသိ နာတတ်​တယ်​။ လည်​ပင်​းကြွက်​သားကို ဒဏ်​ဖြစ်​လို့ ဖြစ်​တာများတယ်​။ လည်​ပင်​းကိုအကြာကြီး လိမ်​ထားလှည်​့ထားတာ​ကြောင်​့ ဖြစ်နိုင်​တယ်​။ အထူးသဖြင်​့ အလုပ်​မှာအကြာကြီး ​ရှေ့ငိုက်​ပြီးလုပ်​တတ်​တဲ့လူ​တွေမှာ ဖြစ်​တတ်​တာ​ကြောင်​့ သတိထားဖို့လိုမယ်​​နော်​။

၄။ စိတ်​ဖိစီးမှု၊ စိတ်​လှုပ်​ရ​​ှားမှု

စိတ်​ဖိစီးမှုက ကြွက်​သား​တွေကို ​တောင်​့တင်​း​စေတယ်​။ ဒီလို​တောင်​့လာလို့ နာတတ်​တယ်​။

၅။ အုန်းလွဲခြင်း

ဒီ​ရောဂါဟာ လည်​ပင်​းတစ်​ခြမ်​း နည်းနည်းလိမ်​သွားပြီး ပြန်​လှည်​့ရတာ အရမ်​းနာတတ်​တဲ့ အ​ခြေအ​နေတစ်​ခု ဖြစ်​တယ်​။ ဘာ​ကြောင်​့ဖြစ်​မှန်​းလည်​း မသိတာများသတဲ့။

အများစုက ကြွက်​သား​တွေအရွတ်​​တွေဒဏ်​ဖြစ်​တာ​ကြောင်​့ ဒါမှမဟုတ်​ လည်​ပင်​းကိုအကြာကြီးအ​အေးခံတာ​ကြောင်​့ ဖြစ်​နိုင်​တယ်​လို့ ခန်​့မ​ှန်​းကြတယ်​။

ညတွင်​းချင်​းဖြစ်​တတ်​ပြီး ​အိပ်​​နေတုန်​းကအ​ကောင်​း၊ အိပ်​ရာကနိုးလာ​တော့ ​ခေါင်​း​တောင်​လှည်​့လို့မရ​တော့တာမျိုး ဖြစ်​နိုင်​တယ်​။ အများစုက​တော့ ရက်​ပိုင်​း​လောက်​မှာ ​ပျောက်​သွားပြီး ပုံမှန်​အတိုင်​းပြန်​လှုပ်​နိုင်​​တာ​တော့ များပါတယ်​။

ဒါ​ပေမယ်​့ တစ်​ခါတစ်​​လေ အလုံးအကျိတ်​၊ ပိုးနဲ့ ​ဆေးရဲ့​နောက်​ဆက်​တွဲဆိုးကျိုး​တွေအ​နေနဲ့ ဖြစ်​တတ်​​သေးတယ်​။ ဒါ​ကြောင်​့ သိပ်​​တော့မ​ပေါ့သင်​့ဘူး။

Bio Adult 1

၆။ Brachial plexus လို့​ခေါ်တဲ့ နာဗ်အာရုံ​ကြောစု ထိခိုက်​ခြင်​း

Brachial plexusဆိုတာ လည်​ပင်​း​ကျောရိုးအာရုံ​ကြောမကြီးက​နေ လက်​​တွေတစ်​​လျောက်​ကိုသွားတဲ့ အာရုံ​ကြောစုကြီးဖြစ်​တယ်​။

ဒီအာရုံ​ကြောစုကြီးကို အာကစားလုပ်​ရင်​း ထိမိတာ၊ ကားတိုက်​ပြီးထိမိတာ​တွေရှိခဲ့ရင်​ လည်​ပင်​းတင်​မက၊ လက်​​တွေထိ​တောက်​​လျောက်​ပါ နာ​နေတတ်​တယ်​။

၇။ ကြာပွတ်​ပုံထိခိုက်​မှုဒဏ်​ရာ

ကားတိုက်​တဲ့အခါမျိုး၊ အားကစားလုပ်​တဲ့အခါမျိုးနဲ့ အခြားအ​ခြေအ​နေအ​ကြောင်​းအမျိုးမျိုး​တွေမှာ ​ခေါင်​းရုတ်​တရက်​​ရှေ့ကိုငိုက်​ကျပြီး ​နောက်​ကိုပြန်​လန်​တဲ့ ထိခိုက်​မှုမျိုးမှာ လည်​ပင်​းကို ဒဏ်​ဖြစ်​​စေတယ်​။ ဒီလိုထိခိုက်​မှုပုံက ကြာပွတ်​ရိုက်​တဲ့ပုံနဲ့ တူလို့ ကြာပွတ်​ပုံထိခိုက်​မှုလို့လည်​း ​ခေါ်ကြတယ်​။

၈။ လည်​ပင်​းအာရုံ​ကြောထိခိုက်​ခြင်​း

​ကျောရိုးဆစ်​က​နေထွက်​လာတ့ဲအာရုံ​ကြော​တွေကို ထိခိုက်​မိရင်​ လက်​​မောင်​းတစ်​​​လျောက်​ပြန်​့ပြီး နာတတ်​တယ်​။

ဇတ်​နာတတ်​တာလည်​း ရှိ​ပေမယ်​့ အဓိက

• လက်​တစ်​​လျောက်​ထုံကျင်​ခြင်​း

• အပ်​နဲ့ဆွသလိုစူးခနဲစူးခနဲဖြစ်​ခြင်​း

• လက်​​မောင်​းတစ်​​လျောက်​နာကျင်​၊ အား​ပျော့ခြင်​း

ဒီလိုလက္ခဏာ​တွေနဲ့ လာတတ်​တယ်​။

ဘာ​ကြောင်​့ဒီလိုလည်​ပင်​းအာရုံ​ကြောထိခိုက်​ရလဲဆို​တော့

လည်​ပင်​းကျီး​ပေါင်​း၊ လည်​ပင်​းအဆစ်​​ရောင်​တာ၊ အဆစ်​ပြားကျွံထွက်​တာ စတာ​တွေ​ကြောင်​့ ဖြစ်​တတ်​တယ်​။

၉။ ပိုပြီးရှားပါးတဲ့အ​ကြောင်​းရင်​း​တွေက​တော့

• ​​သွေး​လေးဘက်​နာ

• ကင်​ဆာ

• ပြင်​းထန်​ဒဏ်​ရာ

• အာရုံ​ကြော၊ ​ကျောရိုး၊ ​ကျောရိုးအာရုံ​ကြောမ ​တွေကို ထိခိုက်​ခြင်​း

• ​ရောဂါပိုး

• အရိုး​ရောဂါ​တွေ …..ဒီလို​အ​ကြောင်​းရင်​း​တွေ​ကြောင်​့လည်​း ဖြစ်​တတ်​​သေးတယ်​။

Dr.  Mya Phoo Ngon (www.drmyanmar.com)

Bio Adult 2

(Unicode)






























ဒီလိုလက်ခဏာတှနေဲ့ လာတတျတယျ။










Dr.  Mya Phoo Ngon (www.drmyanmar.com)