/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မနက်ခင်းမှာ-နွားနို့သောက်ရင်-ကောင်းမလား-လိမေ္မာ်ရည်သောက်ရင်

မနက်ခင်းမှာ နွားနို့သောက်ရင် ကောင်းမလား? လိမေ္မာ်ရည်သောက်ရင် ကောင်းမလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မနက်စာဆိုတာ နေ့တစ်နေ့မှာ အရေးကြီးဆုံး အစားအစာ ဖြစ်ပါတယ်။ မနက်ခင်းမှာ စားလိုက်တဲ့ အစားအစာအားလုံးကို ခန္ဓာကိုယ်က အပြည့်အဝ အသုံးချပြီး တစ်နေ့လုံးအတွက် အားအင်တွေကို ပေးစွမ်းပါတယ်။ ညအိပ်နေတုန်း 8 နာရီလောက် အစားအစာ ပြတ်ထားတဲ့အတွက် မနက်ခင်းမှာ တစ်နေ့လုံးစာ လည်ပတ်နိုင်ဖို့ လောင်စာကို လိုအပ်ပါတယ်။ ဒါကြောင့် မနက်ခင်းမှာ အာဟာရပြည့်ဝတဲ့ အစားအစာကို စားသုံးဖို့ အရမး်အရေးကြီးပါတယ်။

          မနက်စာအနေနဲ့ ဗီတာမင် C ကြွယ်ဝတဲ့ လိမေ္မာ်ရည်ကိုပဲ သောက်ရင် ကောင်းမလား ကယ်ဆီယမ်အပြည့်နဲ့ နို့ကို သောက်ရမလား ဝေခွဲမရ ဖြစ်နေသူတွေအတွက် အောက်ပါအချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

>>    လိမေ္မာ်ရည်

          လိမေ္မာ်ရည်မှာ ကျွနု်ပ်တို့ရဲ့ ခန္ဓာကိုယ်ကို ရောဂါတွေရဲ့ရန်ကနေ ကာကွယ်ပေးတဲ့ အင်တီအောက်ဆီးဒင့် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C တွေ ပြည့်ဝစွာ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကို လေထုညစ်ညမ်းမှု၊ အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်တွေနဲ့ ခဲကဲ့သို့သော ပတ်ဝန်းကျင် အညစ်အကြေးတွေကနေ ကာကွယ်ပေးပါတယ်။ တစ်နေ့တစ်ခွက် သောက်ပါက နေ့စဉ်လိုအပ်တဲ့ ဗီတာမင် C ပမာဏကို ပြည့်ဝစေပါတယ်။

 

•        မကောင်းသောအချက်များ

          အသင့်ပြုလုပ်ထားတဲ့ လိမေ္မာ်ရည်တွေမှာ သကြားတွေမပါဘူးဆိုရင်တောင် ဒါတွေက မလတ်ဆတ်တော့ပါဘူး။ လတ်ဆတ်တဲ့ လိမေ္မာ်ရည် ဖျော်တဲ့အခါမှာလည်း လိမေ္မာ်သီးကို အရည်ညှစ်လိုက်တဲ့အခါ အာဟာရဓာတ် အဓိကပါဝင်တဲ့အပိုင်းက ကျန်ခဲ့ပါတယ်။ ဒါကြောင့် လိမေ္မာ်ရည်ထဲမှာတော့ ရေပဲ အများဆုံး ပါ,ပါတော့တယ်။ တတိယအချက်ကတော့ လိမေ္မာ်သီး ဝယ်တဲ့အခါ လိမေ္မာ်ရည်မှာ သဘာဝအတိုင်းပါဝင်တဲ့ အခါးဓာတ်ကို ဖျောက်ဖျက်ဖို့အတွက် အရသာကောင်းတာတွေ ဖြည့်စွက်ထားတာပါပဲ။ လေ့လာမှုတွေအရ လိမေ္မာ်ရည်က သွားရဲ့ကြွေလွှာကို လုံးဝဖျက်ဆီးပစ်နိုင်တယ်လို့ ဆိုပါတယ်။

 

>>    နို့

          နို့ထဲမှာ ကယ်ဆီယမ်တွေ သဘာဝအတိုင်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ လေ့လာမှု အများအပြားအရ နို့မှာ ကယ်ဆီယမ် သာမကဘဲ အသားဓာတ်၊ ဗီတာမင် B12နဲ့ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အဆီတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ သဘာဝအတိုင်းရရှိတဲ့ နို့တွေက ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူး များစွာပေးတဲ့အပြင် ကျန်းမာပြီး သွက်လက်တဲ့ခန္ဓာကိုယ်ကို ပေးစွမ်းနိုင်တဲ့အတွက် အစားအစာအားလုံးနဲ့ ညီမျှတယ်လို့တောင် ဆိုနိုင်ပါတယ်။

 

•        မကောင်းတဲ့အချက်များ

          နို့မှာ နှလုံးသွေးကြောရောဂါနဲ့ အဝလွန်ခြင်းကို ဖြစ်စေနိုင်တဲ့ ပြည့်ဝအဆီတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ယခုအခါမှာ မွေးမြူရေးစခန်းတွေမှ နို့များများ ရဖို့အတွက် နွားမတွေကို ဟော်မုန်းတွေ ထိုးပေးနေတဲ့အတွက် ဒီဟော်မုန်းတွေရဲ့ အကျိုးသက်ရောက်မှုတွေက ကျွနု်ပ်တို့ဆီကို သွယ်ဝိုက်တဲ့နည်းနဲ့ ရောက်ရှိနိုင်ပါတယ်။ ကိုယ်သောက်နေတဲ့နို့ရဲ့ အရည်အသွေးကို သေချာမသိဘဲ နေ့တိုင်းသောက်နေမယ်ဆိုရင် ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။

 

>>    လိမေ္မာ်ရည်လား? နို့လား?

          နွားနို့က ပိုကောင်းပါတယ်။ ပထမအချက်ကတော့ နို့မှာ ကယ်ဆီယမ်ကြွယ်ဝတဲ့အတွက် သွားတွေကို သန်မာစေပါတယ်။ လိမေ္မာ်ရည်ကတော့ သွားတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒုတိယအချက်ကတော့ နွားနို့တစ်ခွက်မှာ ပါဝင်တဲ့ ပရိုတင်းဓာတ်ကြောင့် လိမေ္မာ်ရည်နဲ့ယှဉ်ရင် ပိုပြီးအာဟာရ ပြည့်စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပရိုတင်းဓာတ်ကို ရရှိထားတဲ့အတွက် နေ့ဘက်မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သရေစာ စားသုံးမှုကို နည်းစေပါတယ်။ တတိယအနေနဲ့ကတော့ ညဘက် 8 နာရီလောက် အစာပြတ်ထားတာကို လိမေ္မာ်ရည်ထက် နွားနို့က အားပြည့်ဖို့အတွက် အထောက်အကူ ပိုဖြစ်ပါတယ်။

          အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ မနက်စာအဖြစ် လိမေ္မာ်ရည်တစ်မျိုးတည်းကိုသာ သောက်တာ မဟုတ်ဘဲ လိမေ္မာ်ရည်သောက်ပြီး တစ်နာရီလောက်အကြာမှာ နို့ပါဝင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာကို စားသုံးမယ်ဆိုရင် အကောင်းဆုံးပါပဲ။

Dr. Mya Myo Myo Swe (www.drmyanmar.com)