မျက်ကွင်းညိုစေတဲ့ အကြောင်းရင်း
Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ
ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် မျက်ကွင်းညိုစေသလို ညနေဘက်မှာကော်ဖီ အသောက်များခြင်းကြောင့်လည်း မျက်ကွင်းညိုစေနိုင်ပါတယ်။ ကော်ဖီဟာဆီးရွှင်စေတာကြောင့် ခန္ဓာကိုယ်အတွင်းရေဓာတ်ခန်းစေတဲ့အတွက် မျက်ကွင်းညိုစေရတာပါ။ ဒါ့အပြင် အဲကွန်းရှိတဲ့အခန်း၊ central heating ရှိတဲ့အခန်းမှာအနေများခြင်း၊ မျက်နှာကိုအစိုဓာတ်မထိန်းနိုင်ခြင်း၊ ညဘက်တွင် နှစ်နှစ်ခြိုက်ခြိုက်မအိပ်ခြင်း၊ မျက်ကွင်းညိုတဲ့မျိုးရိုးရှိခြင်း၊ ပင်ပန်းလာချိန်တွင် မျက်လုံးကိုလက်ဖြင့်ပွတ်သက်ခြင်းကြောင့် မျက်လုံးအရေပြားအောက်မှာရောင်ရမ်းမှုဖြစ်ကာ မျက်ကွင်းညိုလာရခြင်းပါ။ များသောအားဖြင့် အသက်ကြီးလာတဲ့အခါ အရေပြားတင်းရင်းစေတဲ့ ကိုလာဂျင်တွေ၊ မျက်လုံးအနီးတစ်၀ိုက်ရှိ အဆီတွေဆုံးရှုံးလာခြင်းကြောင့် မျက်ကွင်းညိုလာတတ်ပါတယ်။
CMS (www.drmyanmar.com)














