သင်စိတ်ညစ်နေချိန်မှာ ဒါတွေမလုပ်ပါနဲ့
သင် စိတ်ညစ်နေပါသလား။ တကယ်တော့ လူတိုင်း စိတ်ညစ်ဖူးတာမို့ သာမန်ကိစ္စရပ်တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ အခုဆောင်းပါးလေးမှာတော့ စိတ်ညစ်ညူးနေချိန် ရှောင်သင့်သောအရာများကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
၁။ ဆေးလိပ်နဲ့ အရက်သောက်ခြင်း
သင့်စိတ်ညစ်နေရင် ဘီယာသွားသောက်တာမျိုး၊ ဆေးလိပ်သောက်တာမျိုး လုပ်လိုက်ခြင်းက သက်သာစေမယ်လို့ ထင်ရပါတယ်။ ဒါတွေကို ပြုလုပ်ခြင်းက ကျန်းမာရေးကို ထိခိုက်စေမယ့်အပြင် စိတ်ညစ်စေတဲ့အကြောင်းရင်းကို ဖြေရှင်းရမယ့်နည်းလမ်းကိုပါ စဉ်းစားမရ ဖြစ်စေနိုင်ပါတယ်။
၂။ တစ်ယောက်တည်း အိမ်တွင်းအောင်းနေခြင်း
စိတ်ညစ်ညူးတဲ့အခြေအနေကို ပိုဆိုးရွားစေနိုင်တဲ့အတွက် အပြင်ထွက်ခြင်း၊ သူငယ်ချင်းများနဲ့ တွေ့ဆုံခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
၃။ မှားယွင်းသောလူများဆီက အကြံဉာဏ်များယူခြင်း
မိတ်ဆွေအပေါင်းအသင်းလို့ ဆိုရာမှာ အကောင်းမြင်တတ်သူများ ပါဝင်သလို အဆိုးမြင်သမားများလည်း ရှိတတ်ပါတယ်။ အထူးသဖြင့် သင်စိတ်ညစ်နေတဲ့အခါမျိုးမှာဆို သင့်ကို စိတ်အားတက်ကြွစေမယ့် ပျော်စရာအကြံများပေးမယ့် သူငယ်ချင်းများနဲ့သာ တွေ့ဆုံသင့်ပါတယ်။
၄။ အရာအားလုံးအတွက် ကိုယ့်မှာသာ တာဝန်ရှိသည်ဟု တွေးခြင်း
စိတ်ဆင်းရဲစရာများ ကြုံလာတဲ့အခါ မိမိကိုယ်ကို အပြစ်တင်လိုက်ခြင်းက လွယ်ကူပါတယ်။ ဒါပေမဲ့ စိတ်ညစ်စရာများကို အကြာကြီး တွေးတောမယ့်အစား နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ကြိုးစားသင့်ပါတယ်။
၅။ အရှုံးပေးခြင်း
လက်မြှောက်အရှုံးပေးလိုက်တာ စိတ်သက်သာရာရတယ်လို့ တွေးနိုင်ပေမယ့် တကယ့်ပျော်ရွှင်ခြင်းအစစ်နဲ့တော့ အလှမ်းဝေးစေမှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)















