သိပ္ပံနည်းကျ ဝိတ်ချမယ်
ဗြိတိန်နိုင်ငံ ရော့ရှိုင်းယားပြည်နယ်က သိပ္ပံပညာရှင်တွေဟာ အဝလွန်သူတွေကို အုပ်စုခွဲပြီး ဘယ်လိုလူတွေက ဘာနဲ့သင့်တော်လဲ ဘယ်ဝိတ်ချနည်းတွေက အဆင်ပြေဆုံးဖြစ်မလဲဆိုတာ စမ်းသပ်ခဲ့ကြပါတယ်။
အကုန်လုံးကို အဝလွန်နေတယ်ဆိုတဲ့ အုပ်စုထဲကိုသွင်းပြီး နည်းတစ်ခုတည်းနဲ့ သိမ်းကြုံး၀ိတ်ချခိုင်းနေလို့ အရာမရောက်ပါဘူးတဲ့။
>> ဒီတော့ သူတို့တွေ တွေ့ရှိတဲ့အရာတွေကတော့ ဘယ်လိုအဖြေတွေဖြစ်မလဲ?
● အဝလွန်နေတဲ့ လူငယ်အုပ်စုကိုတော့ အရက်သာ ဖြတ်ခိုင်းလိုက်ပါတဲ့။ ကျန်တာ သိပ်စိတ်မပူရတော့မှာ အသေချာပါ။
● နည်းနည်း ပြောရခက်တဲ့ ကွီးတို့အုပ်စုကိုတော့ စိတ်ရှည်လက်ရှည် ရှင်းလင်းပြောပြ လမ်းညွှန်ပေးခြင်း နှစ်သိမ့်ဆွေးနွေးမှ သူတို့က ဝိတ်လျှော့ဖို့လက်ခံကြပါသတဲ့။
● ကျန်းမာရေးချို့တဲ့ပြီး နေမကောင်းတဲ့ အုပ်စုကိုတော့ အတင်း လေ့ကျင့်ခန်း သွားလုပ်ခိုင်းမနေနဲ့။ အလကားပါပဲတဲ့။ တိကျသေချာတဲ့ အစီအစဉ်တွေဆွဲပြီး သူ့ရောဂါနဲ့ လိုက်ဖက်ညီထွေ အဆင်ပြေမယ့်ဟာကို စဉ်းစားပေးပါတဲ့။
● ငယ်ရွယ်တဲ့ မိနိးမပျိုလေးတွေကျတော့ ဘာမှသိပ်ပြောစရာမလိုဘဲ သူ့အလိုလိုကို ပိန်ချင်စိတ်ရှိနေကြတော့ အိုကေပြီးသားပါတဲ့ သူတို့ကို နည်းနည်းလေးတွန်းပေးရုံနဲ့ အလုပ်ဖြစ်ပါတယ်တဲ့။
ဒီတော့ တစ်ယောက်နဲ့တစ်ယောက် အုပ်စုတစ်ခုနဲ့တစ်ခု ချဉ်းကပ်ပုံချင်း မတူညီတဲ့အလျောက် လေ့ကျင့်ခန်း လုပ်ခိုင်းတာ၊ ပြေးခိုင်းတာ၊ အစား ရှောင်ခိုင်းတာတွေက လူတိုင်းအတွက် အလုပ်မဖြစ်ပါဘူးတဲ့။
ဒီဗဟုသုတက လူနာတွေအတွက်သာမက ဆရာဝန်တွေအတွက်ပါ အသုံးဝင်ပါတယ်။ အစားရှောင်ခိုင်း၊ လေ့ကျင့်ခန်းလုပ်ခိုင်းတာလောက်ပဲ ပြောလိုက်လို့ပြီးတဲ့ ခေတ်မဟုတ်တော့ပါဘူး။ အသက်အရွယ်အလိုက် အခြေအနေပေါ် မူတည်ပြီး ဝိတ်ကျဖို့ လိုအပ်သလောက်သာ ရွေးချယ်အကူအညီပေးခြင်းကသာ သိပ္ပံနည်းကျ တကယ်အလုပ်ဖြစ်တဲ့နည်းပါလို့ ဆိုပါရစေ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















