အစာကြေလွယ်စေဖို့အတွက် အချက် 6 ချက်
1. အပင်ကရတဲ့ အစားအစာတွေကိုစားပါ။
အပင်ကရတဲ့အစားအစာတွေမှာအမျှင်ဓာတ်ပါဝင်ပြီး အစာအိမ်နဲ့အူလမ်းကြောင်းကို ပုံမှန်အလုပ်လုပ်စေပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ်အလေးချိန်ကျချင်ရင် အပင်ကရတဲ့အစားအစာတွေစားပါ။ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ အခွံမာသီးများနှင့် အစေ့များ၊ ပြုပြင်မထားသော ကောက်ပဲသီးနှံများ၊ ပဲနှင့်ပဲတောင့်ရှည် စတာတွေစားပါ။ ဖြည်းဖြည်းချင်းစစားပါ။ ပုံမှန်စားနေကျအစာထဲကို အမျှင်ဓာတ်တဖြည်းဖြည်းထည့်စားလာသလို ရေလည်းတိုးသောက်ပါ။ ရေကအမျှင်ဓာတ်တွေရဲ့ မိတ်ဆွေကောင်းဖြစ်ပါတယ်။ ရေကြောင့် အမျှင်တွေကိုစိုစွတ်သွားစေပြီးလေထခြင်း၊ ဗိုက်ရစ်ခြင်းတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။
2. အရည်များများသောက်ပါ။
ရေနဲ့အခြားအရေတွေဖြစ်တဲ့ စွပ်ပြုတ်၊ ဟင်းချို၊ ချဉ်ရည်နဲ့ ဖျော်ရည်တွေက ကျွနု်ပ်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ စနစ်တွေကိုထောက်ပံ့ပေးပါတယ်။ ဆေးဘက်ဝင်လက်ဖက်ရည် (သို့) ရေနဲ့ သခွားသီးတစ်ချပ်၊ သံပုရာတစ်ကွင်းထည့်ပြီးလည်း သောက်သုံးနိုင်ပါတယ်။ ခန္ဓာကိုယ်ကနေ ရေဓာတ်ခမ်းခြောက်စေတဲ့ အရက်ပါဝင်တဲ့အရည်တွေနဲ့ များလွန်းရင် အူကိုလှုံ့ဆော်ပေးနိုင်တဲ့ ကော်ဖီအလွန်အကျွံသောက်ခြင်းကလွဲရင် အရည်တွေများများသောက်ပေးပါ။
ဒါပေမယ့် စူးရှတဲ့အရသာရှိတဲ့ အမြှုပ်ပါတဲ့အချိုရည်တွေက အစာအိမ်အက်ဆစ်တွေကို တက်စေတဲ့အတွက် ရင်ပူစေနိုင်ပါတယ်။
Kremil-S 1
3. အစာကိုကြေညက်အောင်ဝါးစားပါ။
အစာစားတဲ့အခါမှာ နည်းနည်းနဲ့ဖြည်းဖြည်းချင်းစားပါ။ အစာခြေတဲ့အခါမှာ ပိုပြီးလွယ်ကူစေဖို့အတွက် အစာကိုသေချာကြေညက်အောင်ဝါးစားပါ။
4. လှုပ်ရှားမှုရှိပါစေ။
လေ့ကျင့်ခန်းလုပ်ခြင်းက နှလုံးကျန်းမာစေပြီး ကိုယ်အလေးချိန်ကို ထိန်းပေးထားနိုင်ရုံသာမက အစာချေရလည်း လွယ်ကူစေပါတယ်။
ဒါပေမယ့် လေ့ကျင့်ခန်းလုပ်တဲ့အချိန်ကလည်း အရေးကြီးပါတယ်။ တစ်ချို့လူတွေမှာအစာစားပြီးပြီးချင်း လေ့ကျင့်ခန်းလုပ်ရင် အစာမကြေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစာမစားမီလေ့ကျင့်ခန်းလုပ်ပါ။ (သို့) အစာစားပြီး တစ်နာရီလောက်ကြာမှ လေ့ကျင့်ခန်းလုပ်ပါ။
Kremil-S 2
5. ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့အရာတွေကိုထိန်းသိမ်းထားပါ။
ကျွနု်ပ်တို့ရဲ့ အူထဲမှာ Probiotics လို့ခေါ်တဲ့ ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့ ဘက်တီးရီးယားပိုးလေးတွေ ရှိပါတယ်။ ဒီပိုးလေးတွေက ဒိန်ချဉ်နဲ့ အချို့အချဉ်ဖောက်ထားတဲ့အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ဒါတွေက အစာခြေတာကို အထောက်အကူပြုပါတယ်။ ဒါကြောင့် probiotics ပါတဲ့အစားအစာတွေကိုထည့်သွင်းစားသောက်ပေးပါ။
6. အဆီလျှော့စားပါ။
အဆီတွေက ကျွနု်ပ်တို့ခန္ဓာကိုယ်ထဲမှာ အကြာရှည်ဆုံးနေတဲ့အရာတွေဖြစ်ပြီး အစာခြေရလည်းပိုခက်ပါတယ်။ အဆီများတဲ့အစာတွေစားပြီးရင် ဗိုက်ပြည့်တာ၊ ကယ်တာတွေကို ခံစားရလေ့ရှိပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















