အစာအိမ်အနာ
အစာအိမ်နံရံပေါ်မှာ အပေါက်လေးတွေ ဖြစ်ပေါ်လာခြင်းကို အစာအိမ်အနာလို့ ခေါ်ပါတယ်။ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး အစာအိမ်အမျိုးမျိုးရှိပါတယ်။
အစာအိမ်အလွန် အူသိမ်အပေါ်ပိုင်းမှာဖြစ်တဲ့ အူသိမ်အနာဟာ အဖြစ်အများဆုံးဖြစ်ပြီး အသက်၃၀နဲ့ ၅၀ကြားမှာ အဓိကဖြစ်တတ်ပါတယ်။
အစာအိမ်အနာကတော့ လူလတ်ပိုင်းနဲ့ သက်ကြီးပိုင်းမှာ အများဆုံးဖြစ်နိုင်ပါတယ်။
♦ အကြောင်းရင်းများ
1. ဘတ်တီးရီးယားပိုး
အရင်တုန်းက အစာအိမ်အနာအများစုဟာ စိတ်ဖိစီးမှုကြောင့်လို့ ထင်ခဲ့ကြပေမယ့် ခုနောက်ပိုင်းမှာ အူသိမ်အနာ၉၀%နဲ့ အစာအိမ်အနာ၇၀%တို့ဟာ Helicobacterpyloriလု့ိခေါ်တဲ့ ပိုးတစ်မျိုးကြောင့် ဖြစ်တာကို သိလာပါတယ်။ ဒီပိုးဟာ ကလေးဘဝမှာကတည်းက ရလွယ်တဲ့ပိုးတစ်မျိုးဖြစေ်ပမယ့် ပိုးရှိသူတွေထဲကမှ တစ်ချို့တစ်ဝက်ကသာ အစာအိမ်နာရောဂါဖြစ်တတ်ပါတယ်။
ဒီပိုးဟာ အစာအိမ်နံရံကို ဖျက်စီးတတ်တာကြောင့် ပုံမှန်အစာကိုခြေဖျက်ပေးတဲ့အက်ဆစ်ဒဏ်ကို ခံရပါတယ်။ ဒါ့အပြင် အက်ဆစ်ထုတ်လုပ်မှုကိုလည်း ပိုများလာစေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေဟာလည်း ဒီအတိုင်းပါပဲ။ အစာအိမ်နံရံကို အက်ဆစ်ဒဏ်ခံစားရစေပါတယ်။
Kremil-S 1
2. အကိုက်အခဲပျောက်ဆေးအသုံးများခြင်း
H.pyloriရောဂါပိုးပြီးနောက် အဖြစ်များစေတဲ့ အကြောင်းရင်းတစ်ခုကတော့ ဖျားနာ၊ ကိုက်ခဲ၊ ခေါင်းကိုက်ခြင်းများအတွက် သောက်လေ့ရှိတဲ့ asprin, ibuprofenနဲ့ အခြားအကိုက်အခဲပျောက်ဆေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါအခြေအနေတစ်ခုခုကြောင့် အကိုက်အခဲပျောက်ဆေးတော်ရေရှည်သောက်နေရသူတွေမှာ အစာအိမ်ကာကွယ်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။
3. အခြားအကြောင်းရင်းများ
အချို့လူတွေဟာ ပုံမှန်ထက် အက်ဆစ်ဓာတ်ပိုထုတ်တာကြောင့် အစာအိမ်ပိုထိခိုက်နိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်းကလည်း အစာအိမ်အနာတွေဖြစ်စေနိုင်ပြီး အနာအကျက်လည်း နှေးစေနိုင်ပါတယ်။
စိတ်ဖိစီးမှုကအစာအိမ်နာဖြစ်စေတယ်ဆိုတဲ့အချက်ကို အခုလက်မခံတော့ပေမယ့် အစာအိမ်နာရှိသူတွေမှာ ပိုနာစေနိုင်ပါတယ်။ ကိုယ်ခန္ဓာဖိစီးမှုတွေဖြစ်တဲ့ ခွဲစိတ်မှုတွေ၊ မီးလောင်ခြင်းတွေ စတာတွေက အနာဖြစ်နှုန်းကို များစေနိုင်ပါတယ်။
ကော်ဖီနဲ့အရက်တွေဟာ အစာအိမ်နာမဖြစ်စေပေမယ့် အစာအိမ်အက်ဆစ်ထုတ်လုပ်မှုကို များစေတဲ့အတွက် ရောဂါလက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ အရက်ကြောင့် အသည်းကျွမ်းနေသူတွေမှာလည်း အနာဖြစ်တတ်ပါတယ်။
Kremil-S 2
♦ ရောဂါလက္ခဏာများ
အူသိမ်အနာဟာ ဝမ်းဗိုက်အလယ်မှာ ပူလောင်နာကျင်စေတတ်ပါတယ်။ ဗိုက်ဆာတဲ့အခါ၊ အကိဆစ်ဓာတ်များတဲ့အစားအစာတွေစားမိတဲ့အခါ၊ ကော်ဖီ၊အရက်တေွသောက်မိတဲ့အခါ၊ အက်စပရင်ဆေးတွေသောက်မိတဲ့အခါ နာကျင်မှုပိုဆိုးလာပြီး အစာစားလိုက်ရင် သက်သာသွားတာကြောင့် အူသိမ်နာရှိသူတွေဟာ ဝလာတတ်ကြပါတယ်။ ညဘက်တွေမှာလည်း နာတတ်ပါသေးတယ်။ ဒါပေမယ့် အရမ်းနာတာ၊ ဝမ်းထဲသွေးပါလာတာမျိုး ဖြစ်လေ့မရှိတာကြောင့် ဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
အစာအိမ်အနာဟာ ရင်ပူခြင်း၊ အစာမကြေခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အစာအများကြီးစားမိတဲ့အခါ တစ်ဆစ်ဆစ်နာနေတာ၊ ရင်ပြည့်ရင်ကယ်တာမျိုးတွေ ဖြစ်တတ်တာကြောင့် အစာအိမ်အနာရှိသူတွေဟာ ကိုယ်အလေးချိန်ကျသွားတတ်ပါတယ်။
• ဝမ်းမည်းမည်းတွေသွားခြင်း
• သွေးအန်ခြင်း
• မတ်တပ်ရပ်တဲ့အခါ မူးဝေခြင်း
• ရုတ်တရက်ဆစ်ခနဲနာခြင်း
• စားသမျှအန်အန်ခြင်း စတဲ့လက္ခဏာတွေ ဖြစ်လာခဲ့ရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
♦ ဘေးထွက်ဆိုးကျိုးများ
အနာတွေဟာ အသက်အန္တရာယ်ရှိနိုင်တာမျိုး မဟုတ်ပေမယ့် တစ်ချို့လူတွေမှာ သွေးထွက်တာ၊ ပေါက်သွားတာ၊ အမာရွတ်ဖြစ်ပြီး ပိတ်သွားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
♦ စမ်းသပ်မှုများ
အစာအိမ်နဲ့အူတွေကို ဓာတ်မှန်ရိုက်ခြင်း၊ အစာအိမ်မှန်ပြောင်းနဲ့အနာကိုကြည့်ခြင်း၊ အစာအိမ်အက်ဆစ်ဓာတ်နဲ ဝမ်းကို စစ်ဆေးခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် H.pyloriပိုးမွား ရှိမရှိ အထူးပြွန်မှုတ်စစ်ဆေးခြင်းနဲ့ သွေးဖောက်စစ်ဆေးမှုတွေလည်း လုပ်ရပါမယ်။
♦ ကုသမှုများ
လွန်ခဲ့တဲ့နှစ်ပေါင်း၂၀တုန်းကတော့ အစာအိမ်အနာဟာ အလွန်နာကျင်ပြီး ခံစားရတဲ့ရောဂါတစ်မျိုးဖြစ်ပေမယ့် အခုခေတ်တွေမှာတော့ ခေတ်သစ်ဆေးပညာကျေးဇူးကြောင့် ကုသပျောက်ကင်းနိုင်ပါပြီ။ ဆေးတွေကတော့
• အက်ဆစ်ဓာတ်လျော့နည်းစေတဲ့ဆေးများ
• အစာအိမ်နံရံကိုကာကွယ်တဲ့ဆေးများ
• H.pyloriပိုးမွားတွေကိုသေကြေစေတဲ့ဆေးများ
H.pyloriပိုးရှိသူတွေမှာ ပိုးသတ်ဆေးနဲ့ အခြားဆေးတွေပေါင်းပြီး အနည်းဆုံးဆေး၃မျိုးသောက်ရတတ်ပါတယ်။ ဆေးပေါင်းစပ်ပုံပေါ်မူတည်ပြီး သောက်ရမယ့်အချိန်အတိုင်းအတာမတူပေမယ့် အများအားခြင့် ၂ပတ်မျှသာသောက်ရတတ်ပါတယ်။ ပိုးကိုထိရောက်စွာရှငး်ထုတ်ပေးနိုင်ပါတယ်။
ရံဖန်ရံခါ သွေးတိတ်စေဖို့၊ အနာအရှင်းပျောက်ကင်းစေဖို့ ခွဲစိတ်ကုသမှုတွေ ပြုလုပ်နိုင်ပါတယ်။
♦ အခြားကုသနည်းများ
နေထိုင်စားသောက်မှုပုံစံတွေကို ပြောင်းလဲဖို့လည်း လိုအပ်ပါတယ်။
• အစားအစာကိုအချိန်မှန်မှန်၊ အာဟာရပြည့်ပြည့်စားပေးသင့်ပါတယ်။
• အက်ဆစ်ဓာတ်လျော့နည်းစေတဲ့ဆေးတွေက အနာသက်သာစေနိုင်သလို အစာအိမ်နံရံကိုလည်း ကာကွယ်ပေးပါတယ်။
• ဖြစ်နိုင်ရင် အက်စပရင်နဲ့ အခြားအကိုက်အခဲပျောက်ဆေးတွေကို မသောက်သင့်ပါဘူး။
• ဆေးလိပ်ဖြတ်ပါ။
• အစားအများကြီးစားခြင်း၊ ညဘက်တွေစားခြင်း၊ အစာလွန်ခြင်းတွေ မဖြစ်စေရအောင် ရှောင်ကြဉ်ပါ။ (အဆာလုံးဝမခံပါနဲ့။)
• ကော်ဖီ၊ အရက်စတဲ့ ပိုနာစေတတ်တဲ့ အစားအသောက်တွေကို ရှောင်ပါ။
• စိတ်ဖိစီးမှုကိုလျော့ချပါ။
• ဆရာဝန်ရဲ့ညွှန်ကြားချက်ကိုလိုက်နာပါ။















