အဆုတ်ကင်ဆာ မပေါ့ရာ
အဆုတ်ကင်ဆာဟာ ကြောက်စရာကောင်းတဲ့ ကင်ဆာအမျိုးအစားထဲမှာ ပါဝင်တာကြောင့် ရောဂါလက္ခဏာတွေကို စောစီးစွာ ကြိုသတိပြုမိဖို့ အရေးကြီးပါတယ်။ ရောဂါနုစဉ်မှာ သိရှိကုသနိုင်ခဲ့ရင် ရောဂါမပြန့်ပွားအောင် အချိန်မီ တားဆီးထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
သူ့ရဲ့ရောဂါလက္ခဏာတွေဖြစ်တဲ့့ -
1. နာတာရှည် ချောင်းဆိုးနေခြင်း
2. ချောင်းဆိုး သွေးပါခြင်း
3. အသက်ရှူတိုင်း တရွှီရွှီ မြည်နေခြင်း
4. ရင်ဘတ်နဲ့ အရိုး အဆစ်အမြစ်တွေ နာကျင်ခြင်း
5. အဆုတ်ပိုးဝင်ခြင်း
6. အစာမျိုရခက်ခြင်း
7. အသံ အက်ခြင်း၊ သြခြင်း
8. အသက်ရှူကျပ်ခြင်း
9. ကိုယ်အလေးချိန် သိသိသာသာ ကျခြင်း
10. တင်းပုတ်သဏ္ဌာန် လက်သည်းများ ဖြစ်လာခြင်း
စတာတွေ ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ပြသကာ စစ်ဆေးမှု ခံယူပါလို့ တိုက်တွန်းချင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















