/
news/ကွန်ပျူတာ-ခုံတစ်ခုက-အိမ်သာခုံထက်-အဆလေးရာ-ပိုမိုညစ်ညမ်းနေကြောင်း-တွေ့ရှိ

ကွန်ပျူတာ ခုံတစ်ခုက အိမ်သာခုံထက် အဆလေးရာ ပိုမိုညစ်ညမ်းနေကြောင်း တွေ့ရှိ

          အင်္ဂလန်နိုင်ငံ Independent မဂ္ဂဇင်းက သုတေသနတစ်ခုကို အခြေပြုပြီး တင်ပြထားတာပါ။ သုတေသနတစ်ခုရဲ့ အဆိုအရ ကွန်ပျူတာတင်တဲ့ခုံနဲ့ ကီးဘုတ်တွေဟာ အိမ်သာထက် အဆလေးရာ ညစ်ပတ်ပါသတဲ့။

          ရုံးဝန်ထမ်းတွေ ဖျားနာနေရတဲ့ အကြောင်းရင်းက ကွန်ပျူတာခုံတွေ ဖြစ်နေပါသတဲ့။

●        Desktop မှာ တစ်လက်မပတ်လည်ဧရိယာတိုင်းမှာ ပိုးပေါင်း ၂၁၉၆၁ ကောင်

●        ကီးဘုတ်မှာ ၃၂၉၅ ကောင်

●        Mouse မှာတော့ ၁၆၇၆ ကောင်

●        ဖုန်းမှာ ၂၅၁၂၇ ကောင် တွေ့ထားပါသတဲ့။

●        အလုပ်ထမင်းစားခန်းကို ဆက်ကြည့်ကြတော့ ကြက်ဥကြော်တဲ့ ဒယ်အိုးလက်ကိုင်မှာ တစ်လက်မပတ်လည်ကို ပိုးပေါင်း ၂၄၈၃ ကောင်  တွေ့ပါသတဲ့။

          ဒီလောက်များနေတဲ့ အခြေအနေမှာ မကြာခဏ ဖျားနာနေတတ်တဲ့ တုပ်ကွေးမိတတ်တဲ့ ဝန်ထမ်းတွေဟာ အလုပ်နေရာကနေ ရောဂါပိုး ကူးတယ်ဆိုတာ သံသယရှိစရာ လုံးဝမလိုတဲ့အချက်ပါ။

           အလုပ်စားပွဲကို တစ်လတစ်ခါ သန့်တဲ့သူက သိပ်ရှားနေပြီး အင်္ဂလန်မှာ ၁၃ ရာခိုင်နှုန်းသော ဝန်ထမ်းတွေကတော့ အလုပ်စားပွဲတွေကို  ဘယ်တော့မှ ပိုးမသန့်စင်ဖြစ်ဖူးလို့ ပွင့်လင်းစွာ ဝန်ခံသွားကြပါတယ်။

          ကဲ ... ကိုယ်တွေ မြန်မာပြည်မှာရော ဘယ်လိုလဲလို့ ...

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)