H1N1 postiveဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် တက်ရောက်ကုသနေသူ၂ဦးကွယ်လွန်
သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် တက်ရောက်ကုသနေသောH1N1 postiveဖြင့် လူနာနှစ်ဦးသေဆုံးကြောင်းသိရပြီး ထပ်မံ၍လည်း အအေးမိနှာစေးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသနေသော H1N1 သံသယလူနာဖြစ်သော ကိုယ်၀န်ဆောင်အမျိုးသမီးမှာ လက်ရှိတွင်ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိနေပြီး ယင်း၏ဆေးစစ်ချက်ကို အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
"ဆေးရုံမှာက သံသယလူနာ သုံးဦးတက်ပါတယ်။ သုံးဦးထဲမှာ နှစ်ဦးကတော့ အဖြေရပြီး positive ပါ ။ တစ်ဦးကတော့ အဖြေရှာတုန်း။ positive နှစ်ဦးထွက်တဲ့အထဲမှာ ကိုမျိုးဇော် (၃၄)နှစ် ယုဇနဥယျာဉ်မြို့တော် ဒဂုံဆိပ်ကမ်းကပါ။သူကဇူလိုင် ၂၅ မှာဆေးရုံတတ်တယ်။ ၂၇ ရက် မှာ ၇ နာရီ ၁၅ မိနစ် မနက်ဆုံးပါတယ်။ မမြတ်အိမွန် (၅)နှစ်ရွာသာကြီးအအေးခန်းစက်ရုံဒဂုံမြို့သစ် က ၂၅ ရက်မှာဆေးရုံတတ်တယ်။ ၂၅ ဇူလိုင် နေ့လည် ၂ နာရီ ၄၅ မှာပဲဆုံးသွားပါတယ်။ လောလောဆယ်ဆေးရုံမှာ သံသယလူနာတစ်ယောက်ပဲရှိတယ်။ သူ့အတွက်ဓာတ်ခွဲစမ်းသပ်မှုက စစ်ဆေးဖို့ပို့ထားဆဲပါ။ ကူးစက်နှုန်းရော၊ ထိန်းချုပ်နှုန်းရော ညွှန်ကြားချက်အတိုင်း တိတိကျကျ ဆောင်ရွက်နေပါတယ်။ လူနာတွေကိုရော သီးသန့်ထားပါတယ်။ သံသယလူနာတစ်ဦးကို လက်ရှိစစ်ဆေးဆဲဖြစ်သလို၊သေဆုံးသူနှစ်ဦးကတော့ စစ်ဆေးချက်အရ positive အတည်ပြုပါတယ်။ H1N1 positive အတည်ပြုတာပါ။ H1N1 postiveအဖြစ် သံသယရှိတဲ့ ဒေါ်မာလာ ၂၉ နှစ်၊ သီတာလမ်း၊သင်္ဃန်းကျွန်း ရန်အောင်ရပ်ကွက်၊က ၂၄ ရက် ဇူလိုင် မှာဆေးရုံစတက်ပြီး သံသယရှိလို့ စစ်ဆေးဆဲပါ"ဟုသင်္ဃန်းကျွန်းစံပြဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ ဦးအောင်ဆန်းမင်းက အတည်ပြုပြောကြားသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်H1N1 Postiveဖြင့် သေဆုံးလူနာ၃ဦးနှင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင်၂ဦးရှိရာ စုစုပေါင်းလူနာ၅ဦး ရန်ကုန်တိုင်းဒေသကြီးအတွင်းH1N1 postiveဖြင့် သေဆုံးပြီးဖြစ်ကြောင်းသိရသည်။
May Su Hlaing (www.drmyanmar.com)





























