သွေးအားနည်းနေသူတွေအတွက် ဆောင်ရန်/ရှောင်ရန်
သွေးနီဥတွေ အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးတဲ့အတွက် သွေးအားနည်းရတာပါ။ သွေးအားပြန်ဖြည့်ဖို့အတွက် သံဓာတ်အပါအဝင် ဗီတာမင်တွေသောက်ပေးဖို့ လိုအပ်တယ်။
>> ဒါကြောင့် မပါမဖြစ် စားသောက်ရမယ့် အစားအသောက်တွေကတော့ -
● ပင်လယ်စာ
ဆယ်လ်မွန်၊ တူနာ၊ ဆာဒင်းလိုမျိုးငါးမျိုးတွေဟာ သံဓာတ်နဲ့ ကယ်လ်ဆီယမ် ကြွယ်ဝတယ်။
● ပဲ
ပဲမှာ အဆီနည်းပြီး သံဓာတ်နဲ့ ပရိုတင်းတွေ ကြွယ်ဝပါတယ်။
● အနီရောင်အသား
သံဓာတ် အများအပြားပါဝင်တဲ့ အစားအစာတစ်ခုဖြစ်ပြီး သံဓာတ်စုပ်ယူမှု ပိုကောင်းအောင် အစိမ်းရောင် အသီးအရွက်နဲ့ ရောစားပေးပါနော်။
● ပျားရည်
ပျားရည် ၁၀၀ ဂရမ်တိုင်းမှာ သံဓာတ် ၀.၄၂ ဂရမ် ပါ,ပါတယ်။
● မွေးမြူရေးအသားနဲ့ ဥများ
သံဓာတ်အပြင် ဗီတာမင်တွေ၊ အင်တီအောက်စီဒန့်တွေ ပါတယ်။
● အသည်း
သံဓာတ်အပြင် ဖောလစ်အက်ဆစ်ပါ ပါတဲ့အတွက် မစားမဖြစ် စားပေးရမယ့် အစားအသောက်ပါ။
● အစေ့အဆံ
အယ်မွန်စေ့၊ သီဟိုဠ်စေ့၊ ဖရုံစေ့၊ နေကြာစေ့ စသဖြင့် အစေ့အဆံတွေမှာ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေ အများကြီးပါတယ်။
>> ရှောင်ရမယ့် အစားအသောက်တွေလည်း ရှိသေးတယ်နော်။
● တန်နင်ပါတဲ့ အစားအသောက်တွေ
ကော်ဖီ၊ ဝိုင်၊ လက်ဖက်ရည်စိမ်း၊ လက်ဖက်ရည်တွေမှာ တန်နင်ဓာတ်ပါလို့ သံဓာတ်စုပ်ယူမှုကို နည်းစေနိုင်တယ်။
● အရက်
အရက်ကလည်း သံဓာတ်စုပ်ယူမှုကို နည်းစေနိုင်တယ်နော်။
● နို့နဲ့ နို့ထွက်ပစ္စည်းတွေ
တစ်ခါတစ်ခါ ကယ်လ်ဆီယမ်များတဲ့ အစားအသောက်တွေက သံဓာတ်နည်းစေတဲ့ အကြောင်းရင်း ဖြစ်နေတတ်တယ်။
● ဖိုက်တစ်အက်ဆစ်များတဲ့ အစားအသောက်တွေ
မပြုပြင်ထားတဲ့ ဂျုံနှံပြောင်းတွေနဲ့ ပဲတွေ ပါ,ပါတယ်။
● ဂလူတန်
ဂလူတန်ဓာတ်ပါတဲ့ ပါစတာ၊ ဘာလီ၊ အုတ်ဂျုံ စသဖြင့် နှံ၊ ဂျုံအမျိုးအစားတွေဟာ သံဓာတ်တင်မက ဖောလစ်စုပ်ယူမှုကိုပါ ဟန့်တားနိုင်တာမို့ ရှောင်ပေးသင့်တယ်။
ဒါတွေကို ရှောင်တဲ့၊ ဆောင်တဲ့အပြင် သံဓာတ်များတဲ့ ဖရဲသီး၊ စပျစ်သီးခြောက်၊ ဆီးသီး၊ ဘယ်ရီသီးတွေကိုလည်း စားပေးသင့်တယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























