/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဓမ္မတာကိုက်ခဲနာကျင်ခြင်းကို-သက်သာစေမယ့်-အိမ်တွင်းနည်းလမ်းများ

ဓမ္မတာကိုက်ခဲနာကျင်ခြင်းကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

       ဓမ္မတာလာချိန်မှာ ဖြစ်လေ့ရှိတဲ့ ဆီးစပ်ကိုက်ခဲခြင်းဟာ တော်တော်လေးခံရခက်တဲ့ ဝေဒနာတစ်မျိုးဆိုတာကို ခံစားဖူးသူတွေမှပဲ သိနိုင်မှာပါ။ ဒါကြောင့် ဓမ္မတာလာတဲ့အခါ ကိုက်ခဲနာကျင်တတ်တဲ့ အမျိုးသမီးလေးတွေအတွက် အိမ်မှာအလွယ်တကူပြုလုပ်နိုင်တဲ့ ဓမ္မတာကိုက်ခဲနာကျင်ခြင်းကို သက်သာစေမယ့် သောက်စရာလေးတွေကို မျှဝေပေးချင်ပါတယ်။

Dolfenal 2025 IA 1

  • ရေနွေးသောက်ပေးရင် ဗိုက်အောင့်တာကို သက်သာစေတဲ့အပြင် ရေဓာတ်ဆုံးရှုံးခြင်း မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
  • မန်ကျည်းသီးဖျော်ရည်ကို နနွင်းမှုန့်အနည်းငယ်ခပ်ပြီး သောက်သုံးပေးခြင်းက ဆီးစပ်ကိုက်ခြင်းကို သက်သာစေပါတယ်။
  • ချင်းလက်ဖက်ရည်ဟာ သားအိမ်ကြွက်သားညှစ်ခြင်းကို အားပေးတဲ့ Prostagladins ဟော်မုန်းထုတ်ခြင်းကို တားဆီးပေးတာကြောင့် ဆီးစပ်ကိုက်တာကို သက်သာစေပါတယ်။
  • ချာမိုမိုင်း/ ကမ်မိုမိုင်းပန်းခြောက်လက်ဖက်ရည် (Chamomile Tea) ဟာလည်း သားအိမ်ညှစ်အားကို လျော့နည်းစေတာကြောင့် ဆီးစပ်ကိုက်ခြင်းကို သက်သာစေတဲ့အပြင် စိတ်ခံစားချက်ကောင်းအောင်လည်း ကူညီပေးနိုင်ပါတယ်။
  • နာနတ်သီးဖျော်ရည်ဟာ ကြွက်သားတွေကို ပျော့ပျောင်းစေတာကြောင့် ဆီးစပ်ကိုက်တာကို သက်သာစေပါတယ်။

 

Dolfenal 2025 IA 2

       ဓမ္မတာလာချိန်မှာ ဆီးစပ်ကိုက်တတ်သူတွေအနေနဲ့ ဒါတွေကိုသောက်ပေးသင့်သလို  ကဖင်းပါတဲ့သောက်စရာတွေ၊ အရက်သေစာတွေနဲ့ သကြားပါဝင်မှုများတဲ့ သောက်စရာတွေကိုတော့ ရှောင်ကြဥ်ပေးကြဖို့ လိုအပ်ပါတယ်။

www.drmyanmar.com