ရာသီ မှန်၊ မမှန် ဘယ်လိုသိနိုင်မလဲ?
Category
အမျိုးသမီးများနှင့်ကျန်းမာရေး
ဒီမေးခွန်းဟာ သားဖွားမီးယပ်ဆရာဝန်တွေ အမေးအခံရဆုံး မေးခွန်းတစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ရာသီစက်ဝန်းကို 28 ရက်ကနေ 32 ရက်လို့ ပျမ်းမျှသတ်မှတ်ထားပေမယ့် ရက်အနည်းငယ်မျှ ကွာဟနေရုံနဲ့ စက်ဝန်းမမှန်ဘူးလို့ မပြောနိုင်ပါဘူး။ လတိုင်းလတိုင်း ဒီရက် လာတယ်ဆိုတာမျိုးဟာ ဖြစ်ခဲပါတယ်။ ဒါကြောင့် ဆရာဝန်တွေ မေးလေ့ရှိတဲ့ ရာသီမှန်လား ဆိုတာဟာ နှစ်ပတ်တစ်ခါ လာနေတာမိျုး၊ တစ်ခါနဲ့တစ်ခါ လပေါင်းများစွာ ခြားနေတာမျိုး ရှိ၊ မရှိကိုသာ မေးမြန်းနေတာ ဖြစ်ပါတယ်။
အမျိုးသမီးများအနေနဲ့ မိမိရဲ့ရာသီလာရက်ကို ပြက္ခဒိန် (သို့) မှတ်စုဖြင့် မှတ်သားသောအကျင့် ပြုလုပ်သင့်ပါတယ်။ နောက်ဆုံးရာသီလာရက်ကို အတိအကျသိခြင်းဖြင့် ကိုယ်၀န်ဆောင်တွေမှာ မွေးဖွားမည့်ရက်ကို အနီးစပ်ဆုံး တွက်ချက်နိုင်ပါတယ်။
Dr. Emerald (www.drmyanmar.com)
















