/
news/အမျိုးသမီးများ-နှင့်-ကျန်းမာရေး/ရာသီစောစောလာသည့်-အကြောင်းရင်းများ

ရာသီစောစောလာသည့် အကြောင်းရင်းများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        ပုံမှန်အားဖြင့် သားအိမ်၏အတွင်းသားများဟာ သနေ္ဓအောင်ပြီးတဲ့ မမျိုးဥအတွက် ပြင်ဆင် ထားလေ့ရှိပါတယ်။ သနေ္ဓအောင်သွားတဲ့မမျိုးဥဟာ သားအိမ်ရဲ့ အတွင်းသားမှာသွားပြီး သနေ္ဓတည်ပါတယ်။ အကယ်၍ မမျိုးဥဟာ သနေ္ဓမအောင်ဘူးဆိုရင်တော့ သားအိမ်ရဲ့ အတွင်းသားဟာ ကြွေကျပြီး ရာသီသွေးအဖြစ် စီးဆင်းသွားပါတယ်။ အချို့သောသူများတွင် ရာသီသွေးဟာ စောစောပေါ်လေ့ရှိပါတယ်။ အကြောင်းအရင်းကတော့ အများကြီးရှိပေမယ့် အနှစ်ချုပ်ဖော်ပြလိုက်ပါတယ်။

၁။       ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်။ အပျိုဖော်၀င်ချိန်မှစပြီး နှစ်တော်တော်ကြာသည် အထိ ဟော်မုန်းကြောင့် ရာသီစက်၀န်းကာလဟာမမှန်နိုင်ပါဘူး။ U.S Department of Health & Human Services ရဲ့ လေ့လာတွေ့ရှိချက်အရ ဆက်ကျော်သက်အရွယ်မှာ ပုံမှန်ရာသီစက်၀န်းကာလဟာ (၂၁) ရက်မှ (၄၅) ရက်ဖြစ်ပြီး အသက် (၂၀) ကျော် အမျိုးသမီးများအတွက်ကတော့ (၂၁) ရက်မှ (၃၅) ရက်အတွင်းဖြစ်ပါတယ်။

၂။       မျိုးပွားအင်္ဂါနှင့်ဆိုင်သော ရောဂါများ (ဥပမာ-သားအိမ်အတွင်း အလုံးတည်ခြင်း) နှင့် မျိုးပွားအင်္ဂါများတွင် ပိုး၀င်ပါက ရာသီသွေးစောစောပေါ်နိုင်ပါတယ်။

၃။       အရေးပေါ်သနေ္ဓတားဆေးတွေဟာ ဟော်မုန်းပမာဏပါ၀င်မှု အလွန်အမင်းများပြားတဲ့အတွက် ရာသီစက်၀န်းကို ကမောက်ကမဖြစ်စေပြီး ရာသီစောစောလာစေပါတယ်။

၄။       အီစတိုဂျင်နှင့် ပရိုဂျက်စတုန်းစတဲ့ ဟော်မုန်းများဟာ သားဥအိမ်မှ မျိုးဥထွက်ခြင်းကို ထိန်းချုပ်ပေးပါတယ်။ အီစတိုဂျင်နှင့် ပရိုဂျက်စတုန်းဟော်မုန်းများ မညီမျှသောအခါ မျိုးဥထွက်ခြင်း ဖြစ်စဉ်များဖရိုဖရဲဖြစ်ပြီး ရာသီစောစောလာတတ်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com