/
news/အရေးပေါ်ကုသနည်းများ/နှလုံးခုန်မြန်ခြင်းအတွက်-ရှေးဦးကုသမှု

နှလုံးခုန်မြန်ခြင်းအတွက် ရှေးဦးကုသမှု

Category
အရေးပေါ်ကုသနည်းများ

        နှလုံးခုန်မြန်ခြင်းနှင့်အတူ မူးေ၀ခြင်း၊ ခေါင်းကိုက်ခြင်း၊ အနည်းငယ်သတိလက်လွတ်ဖြစ်ခြင်း၊ အာရုံစူးစိုက်၍ မရတော့ခြင်း၊ အသက်ရှူ မ၀ခြင်း၊ ရင်ဘတ်၊ ကျော၊ မေးရိုး၊ လက်မောင်း၊ လည်ပင်းတို့တွင် နာကျင်ခြင်း၊ အောင့်ခြင်းဖြစ်ပါက ဆေးရုံဆေးခန်းသို့ချက်ချင်းသွားပါ။

၁။      နှလုံးခုန်နှုန်းပုံမှန်ဖြစ်လာအောင်ကြိုးစားပါ။

-        ဖိစီးမှုများမှ ရုန်းထွက်ပြီးစိတ်တည်ငြိမ်မှုရအောင် ကြိုးစားရပါမယ်။စိုးရိမ်ပူပန်ခြင်း၊ ဖိစီးခြင်း၊ ကြောက်ရွံ့ခြင်း တို့ကြောင့် နှလုံးခုန်မြန်စေပါတယ်။

-        ကဖင်းဓာတ်ပါ၀င်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကိုလာစတာတွေကိုလျော့သောက်ပါ။

-        နီကိုတင်းဓာတ်ကလည်းရင်တုန်စေတာကြောင့် ဆေးလိပ်ကိုလည်းရှောင်ရှားပါ။

-        ကိုကင်းနဲ့ amphetamines တို့လိုတရားမ၀င်တဲ့ဆေဝါးတွေရှောင်ရှားပါ။

-        စိတ်ကြွဆေးသုံးစွဲခြင်းကိုရှောင်ကြဉ်ပါ။ မူးယစ်စွဲလန်းစေတဲ့အာနိသင်ရှိတဲ့ အအေးမိ ချောင်းဆိုးပျောက်ဆေးတွေကလည်း ရင်တုန်စေတာကြောင့် ၎င်းဆေးဝါးများကို ရှောင်ကြဉ်ပါ။

၂။      လိုက်နာဆောင်ရွက်သင့်တဲ့အချက်များ

-        နှလုံးခုန်မြန်ခြင်းဟာစိုးရိမ်ရတဲ့အခြေအနေမဟုတ်သော်လည်း နှလုံးအဆို့ရှင်ပုံမှန်မဟုတ်ခြင်းနဲ့ ဆက်စပ်မှုရှိတာကြောင့် နှလုံးခုန်နှုန်းရုတ်တရက်မြန်လာပါက ဆရာ၀န်နှင့်တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

www.drmyanmar.com

အရေးပေါ်ကုသနည်းများ