/
news/အရေးပေါ်ကုသနည်းများ/ဗိုက်အောင့်ဗိုက်နာခြင်းများအတွက်-ရှေးဦးပြုစုနည်း

ဗိုက်အောင့်ဗိုက်နာခြင်းများအတွက် ရှေးဦးပြုစုနည်း

Category
အရေးပေါ်ကုသနည်းများ

အရေးပေါ်အခြေအနေ

        ဗိုက်အောင့်ဗိုက်နာခြင်းဟာ လူတိုင်းခံစားဖူးတဲ့ ေ၀ဒနာတစ်ခုဖြစ်ပါတယ်။ သို့သော် ဗိုက်အောင့်တိုင်း လေနာတာကြောင့်လို့ တသမတ်တည်းပြောလို့မရပါဘူး။ ဥပမာအားဖြင့် ဗိုက်အောက်ပိုင်း ညာဘက်ထောင့်နေရာမှာ မခံမရပ်နိုင်အောင်နာကျင်ခြင်းနှင့်အတူ ဖျားခြင်း၊ အော့အန်ခြင်းတို့ကို ခံစားရခြင်းသည် အူအတက်ရောင်ခြင်းရဲ့ လက္ခဏာများဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ အရေးပေါ်ကုသဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဗိုက်အောင့်ေ၀ဒနာကို ခံစားရပါက မပေါ့ဆသင့်ပါဘူး။

၁။      ရောဂါလက္ခဏာများသက်သာအောင်ပြုလုပ်ပါ။

-        စားချဥ့်ပြန်ခြင်းကြောင့် ရင်ပူခြင်းအတွက် အစာကြေလေနာပျောက်ဆေး (သို့) အက်ဆစ်ထွက်နှုန်းလျော့ချ ပေးတဲ့ အစာအိမ်ဆေးတွေကို ဆရာ၀န်ညွန်ကြားတဲ့အတိုင်း သောက်ရပါမယ်။

-        Aspirin, Ibuprofen တို့လို စတီးရွိုက်မဟုတ်သောအကိုက်အခဲပျောက်ဆေး (NSAID)တွေက အစာအိမ်သွေးယိုခြင်းကိုဖြစ်စေတဲ့အတွက် ရှောင်ကြဉ်ရပါမယ်။

၂။     အောက်ပါအခြေအနေမျိုးနှင့်ကြုံတွေ့ရပါက ဆေးရုံဆေးခန်းသို့သွားပါ။       

-        ရက်ပေါင်းများစွာဗိုက်အောင့်ခြင်း (သို့) အလွန်အမင်းဗိုက်အောင့်ခြင်း၊

-        ကိုယ်လက်မအီမသာဖြစ်ပြီးအဖျားတက်ခြင်း၊ ရက်ပေါင်းများစွာအစားအသောက်ပျက်ခြင်း၊

-        သွေး၀မ်းသွားခြင်း၊

-        သွေးအန်ခြင်း၊

-        ဆီးကျဉ်ခြင်း၊

-        ဆီးထဲသွေးပါခြင်း၊

-        ၀မ်းချုပ်ခြင်းနှင့်အတူ အန်ခြင်း၊

-        အသက်ရှူကျပ်ခြင်း၊

-        ၀မ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရပြီးနောက် ဗိုက်အောင့်ခြင်း၊

-        နှစ်ပတ်ကျော်ကြာအောင် ဆေးသောက်သော်လည်းရင်ပူမသက်သာခြင်း

 

www.drmyanmar.com

အရေးပေါ်ကုသနည်းများ