/
news/အရေးပေါ်ကုသနည်းများ/အရည်ကြည်ဖုထွက်ခြင်းအတွက်-ရှေးဦးကုသမှု

အရည်ကြည်ဖုထွက်ခြင်းအတွက် ရှေးဦးကုသမှု

Category
အရေးပေါ်ကုသနည်းများ

၁။     အရည်ကြည်ဖုထွက်လာလျှင်ထိုးဖောက်ခြင်းမပြုပါနဲ့

-        အရည်ကြည်ဖုကိုဒီအတိုင်းထားပါ။

-        အဖုတွေများလို့ ပတ်တီးနဲ့စည်းထားရင်တောင် လျော့ရဲစွာပဲစည်းပေးပါ။

-        အကယ်၍အရည်ကြည်ဖုခြေမျက်စိအောက်ဘက်ဖြစ်နေလျှင် အတင်းမဖိပါနဲ့။ နူးညံ့တဲ့ဖျင်တစ်မျိုးနဲ့ ပြုလုပ်ထားတဲ့ donut-shaped ပုံစံဖိနပ်ကိုစီးပါ။

၂။     အဖုရည်ကြည်ပေါက်သွားရင် အောက်ပါအတိုင်းပြုလုပ်ပါ။

-        ဆပ်ပြာနဲ့ရေနွေးတို့ကိုအသုံးပြု၍ဆေးကြောပါ။ Alcohol, hydrogen peroxide, iodine စတဲ့ chemical ပါတဲ့ပစ္စည်းတွေကိုမသုံးပါနဲ့။

-        antibiotic ointment လိမ်းဆေးလိမ်းပါ။ ပေါက်သွားတဲ့အရည်ကြည်ဖုမှ အပေါ်ယံအရေပြားကို ဒီအတိုင်းထားပါ။

၃။     ဖောက်ထုတ်သင့်တဲ့အရည်ကြည်ဖုမျိုးကိုသာဖောက်ပါ။

-        အရည်ကြည်ဖုဟာ ကြီးမားပြီးနာနေတယ်ဆိုရင် တော့ဖောက်သင့်ပါတယ်။

-        အရည်ကြည်ဖုဖြစ်နေတဲ့နေရာကိုရေဆေးပါ။ ထို့နောက် အရက်ပြန်နှင့်ထပ်ဆေးပါ။

-        ဆေးထိုးအပ်ကိုအရက်ပျံနှင့် ပိုးသတ်ပါ။

-        အရည်ကြည်ဖုရဲ့အစွန်းနားမှနေ၍ အပ်ကိုအသုံးပြုပြီးအပေါက်တပေါက်ဖေါက်ပေးလိုက်ပါ။ အဖုမှအရည် ကြည်များကုန်သည်အထိ ငြင်သာစွာညှစ်ထုတ်ပါ။

-        အဖုကိုနောက်တစ်ကြိမ်သန့်စင်ပါ။ ခြောက်အောင်ထားပါ။ လန်နေတဲ့အရေပြားကိုမခွာချပါနဲ့။ ပဋိဇီ၀ဆေးဝါး ပါ၀င်တဲ့ လိမ်းဆေးလိမ်းပေးပါ။ ပတ်တီးဖြင့်ခပ်ဖွဖွစည်းထားပါ။

၄။     ဆက်လက်၍ ဂရုစိုက်ပါ။

-        ပတ်တီးကိုနေ့စဉ်လဲပေးပါ။ ညစ်ပေသွားလျှင်၊ ရေစိုသွားလျှင်လည်းလဲပေးပါ။  

-        ခြေထောက်မှာဖြစ်တာဆိုရင်တော့ အနာကျက်မှအားကစားလုပ်ခြင်း၊ ဖိနပ်စီး၍သွားလာခြင်းတို့ကိုပြု လုပ်ပါ။

-        ခြေထောက်(သို့) လက်မှာအရည်ကြည်ဖုဖြစ်လျှင် ခြေအိတ်၊ လက်အိတ်ထူထူလေး၀တ်ဆင်ပါ။

                    ရောဂါပိုး၀င်တဲ့လက္ခဏာတွေဖြစ်တဲ့ ပြည်တည်ခြင်း၊ ဖျားနာခြင်း၊ နီမြန်းခြင်း၊ အနီအစင်းများ ဖြစ်ပေါ်ခြင်း၊ အကျိတ်ထွက်လာခြင်း၊ ပို၍နာကျင်လာခြင်း၊ ရောင်ကိုင်းခြင်း ဒါမှမဟုတ် မေးခိုင်ကာကွယ်ဆေးထိုးထားတာ ဆယ်နှစ်ကျော်သွားပြီဆိုလျှင် ဆရာ၀န်ဆီသွားရောက်ပြသင့်ပါတယ်။

အရေးပေါ်ကုသနည်းများ