ခြေဖနောင့်ကွဲခြင်းအတွက် အရိုးရှင်းဆုံးအိမ်တွင်းကုထုံးများ
1. သံပုရာရည်၊ ဆားကြမ်း၊ အလှဆီ၊ နှင်းဆီပွင့်ဖတ်ရည်
ခြေထောက်ကိုဆားကြမ်း၊ သံပုရာရည်၊ အလှဆီနဲ့ နှင်းဆီပွင့်ဖတ်ရည်တို့ ထည့်ထားသော ရေကြက်သီးနွေး ဇလုံထဲသို့ 20 မိနစ် ခန့်စိမ်ပေးပါ။ ထို့နောက် ရေမြှုပ်ကျောက်ဖြင့် တိုက်ပေးပါ။ အလှဆီ၊ နှင်းဆီပွင့်ဖတ်ရည်၊ သံပုရာရည် (လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာပမာဏ)တို့ကို ဇတူရောပြီး ကွဲနေသည့်ခြေဖနောင့်ပေါ်တွင် လိမ်းကာခြေအိတ်စွပ်လျက် အိပ်စက်ပါ။ မနက်အိပ်ယာထချိန်တွင် ရေကြက်သီးနွေးဖြင့် ဆေးကြောပေးပါ။ တစ်ပတ်လောက်ဆက်တိုက် လုပ်ပေးပါက ခြေဖနောင့်ကွဲခြင်းများသက်သာသွားပြီး ခြေဖဝါးများ နူးညံ့ လာမှာ ဖြစ်ပါတယ်။
2. ဟင်းရွက်ဆီ
ခြေဖနောင့်ကိုသန့်စင်ဆေးကြောကာ ခြောက်အောင်သုတ်ပါ။ ပြီးနောက် ဟင်းရွက်ဆီလိမ်းပြီး ခြေအိတ်စွပ်ကာအိပ်စက်ပါ။ မနက်ရောက်လျှင် ရေကြက်သီးနွေးဖြင့်ဆေးပါ။ ရက်အနည်းငယ်လောက် ဆက်တိုက်လုပ်ပေးရင် ခြေဖနောင့်ကွဲတာတွေသက်သာသွားတာတွေ့ရမှာပါ။
3. ငှက်ပျောသီးနှင့် ထောပတ်သီး
ငှက်ပျောသီးတစ်လုံးနဲ့ ထောပတ်သီးတစ်ခြမ်းတို့ရဲ့ အနှစ်သားတွေကိုကြိတ်ချေပြီး ခြေဖေနောင့်ကွဲရာပေါ်မှာ လိမ်းပေးကာအချိန် 10 မိနစ်ကြာထားပြီး ရေနဲ့ဆေးကြောပေးပါ။
4. Vaseline နှင့်သံပုရာရည်
အိပ်ရာမ၀င်ခင် ခြေထောက်ကိုဆေးကြောသန့်စင်ပြီး 15-20 မိနစ်ခန့် ရေနွေးနွေးထဲတွင် စိမ်ပေးပါ။ ထို့နောက် ခြောက်သွေ့အောင်သုတ်ပြီးVaseline နဲ့ သံပုရာရည်အရောကို ခြေဖနောင့်ကွဲရာပေါ်တွင် လိမ်းပေးကာ ခြေအိတ်စွပ်ပြီးအိပ်စက်ပါ။ မနက်အိပ်ယာထမှ ဆေးကြောပါ။
5. ရေနံမှ ထုတ်လုပ်သောဖယောင်း (Paraffin Wax)
ရေနံမှထုတ်လုပ်တဲ့ ဖယောင်းကိုမုန်ညင်းဆီ ဒါမှမဟုတ် အုန်းဆီနဲ့ရောကာအပူပေးပါ။ ၎င်းနောက် အအေးခံထားကာ ညစဉ်ခြေဖနောင့်ကွဲရာပေါ်မှာလိမ်းပြီး ခြေအိတ်စွပ်လျက်အိပ်စက်ပါ။
6. ပျားရည်
ပျားရည်နဲ့ ရေနွေးရောကာခြေဖနောင့်ကွဲရာပေါ်တွင် လိမ်းပေးပြီး 20 မိနစ်ကြာလောက်ထားပေးပါ။ ထို့နောက် ဂျီးချွတ်သလိုညင်သာစွာပွတ်သပ်ပြီးမှ ဆေးကြောပါ။
7. ဆန်မှုန့်
ခြေဖနောင့်ကိုရေနွေးမှာ 10 မိနစ်ကြာခန့်စိမ်ပေးပါ။ ဆန်မှုန့်၊ ပျားရည်နဲ့ ပန်းသီးဗနီကာ တို့ကိုရောကာ ခြေဖနောင့်ကွဲရာပေါ်မှာလိမ်းပေးပါ။ ခြေဖနောင့်များ လွန်စွာအက်ကွဲနေပါက သံလွင်ဆီ ဒါမှမဟုတ် ဗန်ဒါစေ့ဆီကို ထပ်မံပေါင်းထည့်ပြီး လိမ်းပေးဖို့လိုအပ်ပါတယ်။
8. သံလွင်ဆီ
သံလွင်ဆီကိုဂွမ်းစလေးနဲ့စွတ်ကာခြေဖနောင့်ကွဲရာပေါ်မှာ 10-15 မိနစ်ကြာလောက် စက်၀ိုင်းပုံသဏ္႑ာန် လှည့်ပြီးလိမ်းပေးပါ။ ၎င်းနောက်အချိန် 1 နာရီခန့်လောက် ခြေအိတ်စွပ်ထားပေးပါ။ ဒါ့အပြင် သံလွင်ဆီလက်ဖက် ရည်ဇွန်းတစ်ဇွန်း၊ လာဗင်ဒါဆီနှင့် ရေအနည်းငယ်ရောပြီးလည်း ခြေဖနောင့် ကွဲကြောင်းများကို သက်သာအောင်ပြုလုပ်နိုင်ပါတယ်။
9. နှမ်းဆီ
နှမ်းဆီကိုညတိုင်းခြေဖနောင့်ကွဲရာပေါ်မှာ စိမ့်၀င်နေအောင်လိမ်းပေးပါ။ ညတိုင်းပုံမှန်ပြုလုပ်သွားရင် ခြေဖနောင့်ကွဲတာမျိုး ထပ်ကြုံရမှာမဟုတ်တော့ပါဘူး။
Mg HlaingThwin





























