Remopain
(1) ဆေးအမည်
Remopain
(2) ပါ၀င်သောဆေးအမျိုးအစား
ထိုးဆေးရည်1 mlတွင် Ketorolac tromethamine 10mg (သို့) 30mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
နာကျင်ကိုက်ခဲသည့်ေ၀ဒနာအမျိုးမျိုး
(4) အသုံးပြုပုံ
အစပိုင်းတွင် 10mg ထိုးပြီး 10mg မှ 30mgကို4 နာရီခြား (သို့) 6 နာရီခြားပြီး အသုံးပြုနိုင်သည်။ အသားထိုးဆေး (သို့)အကြောထိုးဆေးအဖြစ်အသုံးပြုနိုင်သည်။ တနေ့လျှင် 90mg ထက်မပိုရ။ 5 ရက် ထက်ပိုပြီးမသုံးရ။
(5) ဘေးထွက်ဆိုးကျိုး
ဖောရောင်ခြင်း၊ သွေးတိုးခြင်း၊ ယားယံခြင်း၊ ထိုင်မှိုင်းခြင်း၊ ပျို့အန်ခြင်း၊ ချေွးထွက်ခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
အစာအိမ်အနာရှိသူများ၊ အစာအိမ်သွေးကြောပေါက်ဖူးသူများ၊ ကျောက်ကပ်မကောင်းသူများ၊ နှလုံးသွေးကြော ဆိုင်ရာရောဂါရှိသူများ၊ ရေဓာတ်ခန်းခြောက်နေသူများအသုံးမပြုရ။ ကိုယ်၀န်ဆောင်နှင့် 16 နှစ်အောက်ကလေးများတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။
(7)ထုတ်လုပ်သည့်ကုမ္ပဏီ
DexaMedica
(8) တင်သွင်းသည့်ကုမ္ပဏီ
Shwe Yadanar Myay















