Ztor
(1) ဆေးအမည်
Ztor
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတစ်ပြားတွင် Torsemide 5mg (သို့) 10mg (သို့) 20mg (သို့) 40mg (သို့) 100 mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
နှလုံးညှစ်အားမကောင်း (သို့) ကျောက်ကပ်ရောဂါ (သို့) အသည်းရောဂါကြောင့်ဖောခြင်း၊ သွေးတိုးရောဂါ။
(4) အသုံးပြုပုံ
နှလုံးညှစ်အားမကောင်းသောရောဂါတွင် 10mg မှ 20mg တစ်နေ့တစ်ကြိမ်၊ လူနာအခြေ အနေပေါ်မူတည်၍ ဆေးပမာဏကိုတိုး၍သောက်နိုင်သည်။
ကျောက်ကပ်၏လုပ်ငန်းအားပျက်ယွင်းသောရောဂါတွင် 20mg တစ်နေ့တစ်ကြိမ်။
အသည်းခြောက်သောရောဂါ 5mg မှ 10mg တစ်နေ့တစ်ကြိမ်။
သွေးတိုးရောဂါ 5mg မှ 10mg တစ်နေ့တစ်ကြိမ်။
(5) ဘေးထွက်ဆိုးကျိုး
၀မ်းချုပ်ခြင်း၊ ခေါင်းမူးခြင်း၊ ဆီးသွားရာတွင် ပမာဏများခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ ပျို့အန်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ၀မ်းလျှောခြင်း၊ အကြားအာရုံချို့ယွင်းခြင်း၊ ကြွက်သား နာကျင်ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ အရေပြားကွာခြင်း၊ နုံးခွေခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ဓာတ်မတည့်သူများ၊ ဆီးလုံး၀မသွားသူများ အသုံးမပြုရ။
အသည်းရောဂါကြောင့် ရေဖျဉ်းစွဲနေသူများတွင် သတိလစ်မေ့မျောနိုင်သဖြင့် သတိပြု၍သုံးစွဲရန်။
ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတွင်သတိပြု၍ သုံးစွဲရန်။
သွေးထဲတွင် ပိုတက်ဆီယမ်နည်းခြင်းကိုကာကွယ်ရန် ပိုတက်ဆီယမ် ထိန်းသိမ်းပေးသော ဆေးဝါး များနှင့်တွဲဖက်အသုံးပြုရန်။
ဆီးပမာဏများပြားစွာသွားပါက ရေဓာတ်ခန်းခြောက်ခြင်း၊ သွေးခဲပိတ်ဆို့ခြင်းတို့ ဖြစ်စေနိုင်ပါသည်။
နှလုံးရောဂါရှိသူများ၊ Digitalis glycosides သုံးစွဲနေသူများတွင် နှလုံးခုန်နှုန်းပုံမှန်မဖြစ်ခြင်းကို ဖြစ်စေပါသည်။ အသည်းရောဂါရှိသူများ၊ ရေဓာတ်နှင့်ဓာတ်ဆားဓာတ်ချို့တဲ့နေသူများ၊ စတီးရွိုက်ဆေးဝါး မှီ၀ဲနေသူများ၊ အန်ဒီနီကော်တီကိုထရိုဖစ်ဟော်မုန်း (ACTH) သုံးစွဲနေသူများတွင် သွေးထဲတွင် ပိုတက်ဆီယမ် နည်းခြင်းပိုဖြစ်နိုင်ပါသည်။
(7) အခြားဆေးများနှင့်ဓာတ်ပြုမှု
Salicylate နှင့် Torsemide တွဲသုံးပါက Salicylate အဆိပ်သင့်ခြင်းကိုဖြစ်စေပါသည်။ အကိုက် အခဲ ပျောက်ဆေးများ (NSADS) နှင့်တွဲသုံးပါက ကျောက်ကပ်လုပ်ငန်းဆောင်တာများ ပျက်စီးစေနိုင်ပါသည်။ Lithium နှင့်တွဲသုံးပါက Lithium အဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါသည်။
Torsemide နှင့် cholestyramine ကို တစ်ပြိုင်တည်းမသောက်သင့်ပါ။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Zydus Cadila
(9) တင်သွင်းသည့်ကုမ္ပဏီ
AA Medical