Zosert
(1) ဆေးအမည်
Zosert
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတပြားတွင် Sertraline HCl 25mg (သို့) 50mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
စိတ်ကျရောဂါ၊ တစ်စုံတစ်ခုကို ကြောက်ရွံ့သောရောဂါ (Panic Disorder)၊ စိတ်ပူပန်ခြင်း၊ တစ်စုံတစ်ခုကို မလုပ်ရမနေနိုင်အောင် စွဲလမ်းသောရောဂါ (Obsessive Compulsive Disorder)
(4) အသုံးပြုပုံ
စိတ်ကျရောဂါနှင့် OCD ရောဂါများတွင် 50mg တနေ့တကြိမ်၊ တနေ့လျှင် 200mg ထက်မပိုရ။ လူနာအခြေအနေပေါ်မူတည်၍ပေးရမည်။
တစ်စုံတစ်ခုကို ကြောက်ရွံ့သောရောဂါ (Panic Disorder)တွင် တစ်နေ့လျှင် 25mg တနေ့ တကြိမ်၊ တပတ်ကြာလျှင် တနေ့လျှင် 50mg တစ်ကြိမ်သောက်နိုင်သည်။ လူနာအခြေအနေပေါ်မူတည်ပြီး တနေ့လျှင် 200mg ထိတိုး၍ သောက်နိုင်သည်။ (သို့) ဆရာ၀န်ညွှန်ကြားချက်အတိုင်း သောက်ရမည်။
အသည်းရောဂါရှိသူများတွင် 25mg သာအသုံးပြုသ့င်ပါသည်။
(5) ဘေးထွက်ဆိုးကျိုး
ပျို့အန်ခြင်း၊ ၀မ်းလျောခြင်း၊ လက်တုန်ခြင်း၊ ခေါင်းမူးခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်ငိုက်ခြင်း၊ ချေွးထွက်များခြင်း၊ အာခေါင်ခြောက်ခြင်း၊ တက်ခြင်း
(6) ကြိုတင်သတိပြုရမည့်အချက်များ
Zosert ကို mono amine oxidase Inhibitor (MAOI) သောက်သုံးနေသောသူများနှင့် လွန်ခဲ့သော 14 ရက်အတွင်း MAOIs သောက်သုံးထားသောသူများ၊ ဓါတ်မတည့်သူများ၊ ကလေးများ အသုံးမပြုရ။ ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်၊ အတက်ရောဂါရှိသူများတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်း သုံးစွဲရန်။ ကားမောင်းသောသူများ၊ စက်ကိုင်တွယ်မောင်းနှင်သူများတွင် ချိန်ဆ၍ အသုံးပြုရန်။
(7) အခြားသောဆေးများနှင့်ဓါတ်ပြုမှု
အရက်နှင့်အတူ တွဲပြီးသောက်သုံးခြင်းမပြုရ။
Lithium နှင့်တွဲပြီးသုံးပါက Zosert ၏ဘေးထွက်ဆိုးကျိုးများ၏အာနိသင်ကို မြင့်တက်စေပါသည်။
Tryptophan, sumatriptan ကဲ့သို့သောဆေးဝါးများနှင့်အတူတွဲပြီးမသုံးရ။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Sun Pharma
(9) တင်သွင်းသည့်ကုမ္ပဏီ
Sin Byu Gyun