/
node/10796

အဆုတ်ရောင်ရောဂါ မြန်မြန်သက်သာဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နမိုးနီးယားအဆုတ်ရောင်ရောဂါဟာ ပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး နာလန်ပြန်ထနိုင်ဖို့ ရက်သတ္တပတ်မှလနဲ့ချီပြီး ကြာနိုင်ပါတယ်။

အများအားဖြင့် ပိုးသတ်ဆေးတွေ စသောက်တဲ့အချိန်ကစလို့ လက္ခဏာတွေက သက်သာလာတတ်ပါတယ်။ ပြန်နာလန်ထချိန်ကတော့ အသက်အရွယ်၊ မူလရောဂါအခံ ရှိ/မရှိ၊ အဆုတ်ရောင်ခြင်း ပြင်းထန်မှုပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူတတ်ကြပါဘူး။ နမိုးနီးယားအဆုတ်ရောင်ရောဂါ ဖြစ်နေတယ်လို့ သိရပြီး ၄၈ နာရီအတွင်း ရောဂါလက္ခဏာတွေ မသက်သာလာရင် ဒါမှမဟုတ် ပိုဆိုးလာရင် အရေးပေါ်မှာပြသဖို့ လိုပါတယ်။

Solmux Adult IA 1 2023

ဘယ်လောက်မြန်မြန် ပြန်သက်သာနိုင်မယ် ဆိုတာတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ ဒါလေးကတော့ အကြမ်းဖျဉ်းခန့်မှန်းခြေလေးပါပဲ။
၁ ပတ်  -  အဖျား သက်သာသွားပါလိမ့်မယ်။
၄ ပတ်  -  ရင်ဘတ်ထဲ နေကောင်းလာပြီး သလိပ်ထွက်တာ သက်သာလာပါလိမ့်မယ်။
၆ ပတ်  -  ချောင်းဆိုးတာနည်းလာပြီး အသက်ရှူရသက်သာလာပါလိမ့်မယ်။
၃ လ  -  လက္ခဏာတွေ အတော်များများ ပျောက်ကင်းသွားပြီဖြစ်ပေမယ့် မောနေတတ်တာမျိုးတော့ ရှိပါတယ်။
၆ လ  -  ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။

Solmux Adult IA 2

အစောပိုင်းမှာ အများကြီး အနားယူဖို့ လိုပါတယ်။ သက်သာလာတာနဲ့အမျှ လှုပ်လှုပ်ရှားရှား လုပ်လို့ရပါတယ်။ ကိုယ့်ကိုယ်ကို အရမ်းကြီးတော့ တွန်းမလုပ်ပါနဲ့။ အိပ်ရာကထပြီး မိနစ်ပိုင်းလောက် ဟိုလုပ်ဒီလုပ်လေး စလုပ်တာကနေစပါ။ ရောဂါလက္ခဏာတွေ သက်သာလာတာနဲ့အမျှ ခွန်အားတွေပိုရှိလာပြီး ပိုပြီးလှုပ်ရှားလာနိုင်ပါလိမ့်မယ်။ ပျောက်ကင်းမှု ပိုမြန်အောင် အစားကောင်းကောင်းစားပြီး အသက်ရှူလေ့ကျင့်ခန်းလိုမျိုး လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။

အဆုတ်လေ့ကျင့်ခန်းတွေကလည်း နာလန်ပြန်ထူနိုင်ဖို့ အထောက်အကူပေးပါတယ်။ အသက်ကို ရှည်ရှည်ပြင်းပြင်းရှူပေးတာ၊ ဖန်ခွက်ထဲ ရေထည့်ပြီး ပိုက်နဲ့မှုတ်တာမျိုးတွေ လုပ်ပေးပါ။
အသက်ပြင်းပြင်းရှူတာဟာ အဆုတ်ထဲက ချွဲသလိပ်တွေ ဖယ်ရှားရာမှာ အရေးပါပါတယ်။ အသက်ပြင်းပြင်း ၅-၁၀ ကြိမ်လောက် ရှူပြီးနောက် သလိပ်တွေ ဖယ်ရှားဖို့အတွက် ၂ ကြိမ်လောက် ချောင်းဆိုးပြီး ဟပ်ထုတ်ပါ။ ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်ရမယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ရောဂါပျောက်ဖို့ ကြာနေတယ်၊ အသက် ၆၀ ကျော်တယ်၊ ဆေးလိပ်သောက်တယ်ဆိုရင် ပိုးသတ်ဆေး စသောက်ပြီး ၆ ပတ် အကြာမှာ ရင်ဘတ်ဓာတ်မှန် ပြန်ရိုက်ကြည့်ဖို့လိုပါတယ်။  အဆုတ်ပိုးဝင်တာ သက်သာ၊ မသက်သာကို ကြည့်ဖို့ ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)