/
node/11569

ဖျားနေချိန်မှာ ကိုယ်ခံစွမ်းအားကို ဘယ်လိုနည်းလမ်းတွေနဲ့ မြှင့်တင်ကြမလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

     အရွယ်ရောက်ပြီးသူတွေဟာ ဖျားရင် တော်ရုံနဲ့ အနားမယူချင်ကြပါဘူး။ ဒါပေမဲ့ အမြန်ဆုံးပြန်ကောင်းချင်ရင်တော့ အောက်ပါအချက်တွေကို မဖြစ်မနေ လုပ်ပေးဖို့ လိုအပ်ပါတယ်။

  • ဗီတာမင်စီကြွယ်ဝတဲ့ ချဥ်သောအသီးများ၊ ငရုတ်ပွ၊ ဘယ်ရီသီးများကို စားသုံးပေးပါ။
  • အသားဓာတ် (အသား၊ ငါး၊ ဥ၊ ပဲ၊ တို့ဟူး) ပြည့်ပြည့်ဝဝ စားသုံးပါ။
  • နေရောင်ခြည်နဲ့ လေကောင်းလေသန့်ရအောင် သဘာဝနဲ့ ထိတွေ့ပေးပါ။
  • ရေများများသောက်ပါ။

Immunace IA 1 (July 2026)

  • တစ်ညကို (၇) နာရီမှ (၉) နာရီအတွင်းဝင်အောင် အိပ်ပါ။
  • အကြောလျှော့တာ၊ ယောဂကျင့်တာလိုမျိုး ဖြည်းဖြည်းချင်းလှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေကိုပဲ ပြုလုပ်ပေးပါ။
  • ကိုယ်ခံအားကောင်းစေတဲ့ ဖြည့်စွက်အားဆေးတွေကို သောက်သုံးပါ။

Immunace IA 2 (July 2026)

      ဖျားနေချိန်မှာ အဖျားပျောက်ဖို့အတွက် အအေးမိဆေးဝါးတွေ၊ ပိုးသတ်ဆေးတွေကို သောက်သုံးပေးဖို့လည်း လိုအပ်ပေမဲ့ ခန္ဓာကိုယ်ကို တကယ်တမ်း ပြန်လည်ပြုပြင်ပြီး ကျန်းမာအောင် လုပ်ပေးတာကတော့ ကိုယ်ခံအားစနစ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖျားတဲ့အခါ ဇွတ်အတင်း အလုပ်လုပ်တာကို ရှောင်ကြဥ်ပြီးတော့ ခန္ဓာကိုယ်ကို အနားပေးပြီး ကိုယ်ခံအားကောင်းအောင် အရင်ဆုံး လုပ်ဆောင်ပေးဖို့ မမေ့ကြပါနဲ့နော်။

www.drmyanmar.com