/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/ဆာကူရာဆေးရုံသို့-နိုင်ငံခြားမှ

ဆာကူရာဆေးရုံသို့ နိုင်ငံခြားမှ နှလုံးနှင့်သွေးကြောအထူးကုဆရာ၀န်ကြီးများ တစ်လလျှင် ၃ ကြိမ်ခန့် လာရောက်ကုသပေးလျက်ရှိ

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

        ဆာကူရာဆေးရုံ၏ နှလုံးနှင့်သွေးကြောဌာနသို့ နိုင်ငံခြားမှ နှလုံးနှင့် သွေးကြောအထူးကုဆရာ၀န်ကြီး များ တစ်လလျှင် ၃ ကြိမ်ခန့် လာရောက်၍ ကုသမှုများ စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိသည်။ ယခု မတ်လ နောက်ဆုံးပတ်အတွင်းနှင့် ဧပြီပထမပတ်အတွင်းတွင်လည်း အမေရိကန်နှလုံးအထူးကုဆရာ၀န်များ ဦးစီးသည့် Best  Health Myanmar Cardiovascular group ၏ စင်္ကာပူနိုင်ငံ The Heart & Vascular Centre, Mount Elizabeth Hospital မှ နှလုံးနှင့် သွေးကြောအထူးကုဆရာ၀န်ကြီးနှင့် ထိုင်၀မ် Heart Center ၊ Cheng Hsin General Hospital မှ နှလုံးနှင့်သွေးကြောအထူးကု ဆရာ၀န်ကြီးတို့လာရောက်၍ ဆေးဝါးကုသမှုများ ပြုလုပ်ပေးမည် ဖြစ်သည်။

          ဆရာ၀န်ကြီးများက နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းနှင့် အခြားနှလုံးရောဂါ များ၊ သွေးကြော ဆိုင်ရာ စစ်ဆေးစမ်းသပ်ကုသမှုများ၊ ခြေထောက်သွေးကြောပိတ်ရောဂါများ၊ ဦးခေါင်းသို့ သွားသောသွေးကြော ပိတ်ခြင်းကြောင့့့်ဖြစ်သည့် လေဖြတ်ခြင်း၊ လေဖြန်းခြင်း၊ ကျောက်ကပ်ဆေးရန် ပြုလုပ်ထားသည့် သွေးကြောများ ပိတ်ခြင်းကို ပြန်လည်ဖွင့်ပေးခြင်းစသည့် ရောဂါအမျိုးမျိုးကို ကုသပေးသွားမည် ဖြစ်သည်။

          အဆိုပါကုသမှုများကို စင်္ကာပူနိုင်ငံမှ ဆရာ၀န်ကြီးက မတ်လ 27 ရက်နှင့် 28 ရက်တို့တွင် လည်းကောင်း၊ ထိုင်၀မ် နိုင်ငံမှ ဆရာ၀န်ကြီးက ဧပြီလ 1 ရက် - 7 ရက်နေ့အတွင်းတွင် လည်းကောင်း ပြုလုပ်ပေးသွားမည်ဖြစ်ပြီး လူဦးရေ ကန့်သတ်ချက် ရှိသဖြင့် ဆွေးနွေးတိုင်ပင် ကုသမှုခံယူလိုပါက ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ကြောင်း သိရသည်။

ဆက်သွယ်ရန်  -        အမှတ်(၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

          ဖုန်း     -        01-512 668, 09-262 100 103, 09-262 100 104         

          Email -        [email protected], [email protected]

 

www.drmyanmar.com