/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/မေးခွန်းလေးတွေဖြေပြီး-ဒီဝါကျွတ်မှာ-လူကြီးမိဘတွေကို

မေးခွန်းလေးတွေဖြေပြီး ဒီဝါကျွတ်မှာ လူကြီးမိဘတွေကို ဆာကူရာဆေးရုံ ရဲ့ Medical Check Up Package နဲ့ ကန်တော့ကြမယ်

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

          မကြာခင်ကာလအတွင်းမှာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလကို ရောက်ရှိတော့မှာဖြစ်ပါတယ်။    မိမိတို့ ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ မိမိတို့ ချစ်ခင်လေးစားရတဲ့ လူကြီးမိဘတွေကို ကန်တော့ချင်ရင်ပဲဖြစ်ဖြစ် အသုံးပြုလို့ရမယ့် Medical Check-up Package (အထွေထွေကျန်းမာရေး စစ်ဆေးခြင်း) တွေကို ဆာကူရာဆေးရုံ နှင့် Dr Myanmar ကျန်းမာရေး၀က်ဘ်ဆိုဒ်တို့ ပူးပေါင်း၍  Dr Myanmar စာဖတ် ပရိတ်သတ်တွေ အတွက်စီစဉ်ဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်။

           အောက်မှာ ဖော်ပြထားတဲ့ မေးခွန်း 10 ခုကို ဖြေဆိုရမှာဖြစ်ပြီး အမှတ် အများဆုံး ရရှိသူ 3 ဦးကို ရရှိတဲ့ အမှတ်အလိုက် ပထမဆု၊ ဒုတိယဆု နှင့် တတိယဆုများ ချီးမြှင့်သွားမှာဖြစ်ပါတယ်။

           ပထမဆု   -  ငွေကျပ် 150,000 ၀န်းကျင် တန်ဖိုးရှိသော  Diamond Medical Check Up Package

           ဒုတိယဆု  - ငွေကျပ် 85,000 ၀န်းကျင် တန်ဖိုးရှိသော Silver Medical Check Up Package       

           တတိယဆု - ငွေကျပ် 60,000 ၀န်းကျင် တန်ဖိုးရှိသော Basic Medical Check Up Package      

 

(မှတ်ချက်။     ။ ငွေသားနှင့် ပြန်လည် လဲလှယ်ပေးမည် မဟုတ်ပါ။)

 

စည်းကမ်းချက်များ

1. မေးခွန်းအားလုံး ဖြေဆိုရမည်ဖြစ်ပါသည်။

2. လူတစ်ယောက်လျှင် တစ်ကြိမ်သာ ဖြေဆိုခွင့်ရှိပါသည်။

3. အဖြေများကို စာရွက်ပေါ်တွင် လက်ရေးဖြင့်ဖြစ်စေ (သို့) စာရိုက်၍ဖြစ်စေ ရေးသားဖြေဆိုပြီး ဓာတ်ပုံရိုက်၍  Dr Myanmar facebook ၏ Message Box သို့ ပေးပို့ရပါမည်။ (အောက်တွင် ဖြေဆိုရမည့်ပုံစံကို ဖော်ပြထားပါသည်)

4. ပေးပို့ပြီးသော အဖြေလွှာကို ပြန်လည်ပြင်ဆင်ခွင့်မရှိပါ။

5. Message Box မှ ပေးပို့သော အဖြေလွှာများကိုသာ စိစစ်သွားမည်ဖြစ်ပါသည်။

6. အမှတ်အများဆုံးရရှိမှုအလိုက် ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု တို့ကို ပေးအပ်သွားမည်ဖြစ်ပါသည်။ ဆုနေရာတစ်ခုအတွက် အမှတ်တူများရှိနေပါက မဲနှိုက်ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။

7. ဆာကူရာဆေးရုံ နှင့် Dr Myanmar ကျန်းမာရေး ၀က်ဘ်ဆိုက် မှ ၀န်ထမ်းများ ၀င်ရောက်ဖြေဆိုခြင်းမပြုရပါ။

8. အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ဆာကူရာဆေးရုံ နှင့် Dr Myanmar ကျန်းမာရေး ၀က်ဘ်ဆိုက် ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

9. အဖြေလွှာများအား  2016 ခုနှစ် ၊ စက်တင်ဘာလ ( 30 ) ရက်နေ့၊ ည ( 8 : 00 ) နောက်ဆုံးထား၍ ပေးပို့ရမည် ဖြစ် ပါသည်။

10. အထက်ပါစည်းကမ်းချက်များနှင့် မညီသော အဖြေလွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

 

♦♦ ဖြေဆိုရမည့်ပုံစံ (စာရွက်ပေါ်တွင် လက်ရေး (သို့) စာရိုက်၍ ပေးပို့နိုင်သည်) ♦♦

 

အမည် - မောင်မောင်

မှတ်ပုံတင်အမှတ် - xxxx

လိပ်စာ - xxxx

ဆက်သွယ်ရန်ဖုန်းနံပါတ် - 09 - xxxx

1.A                  

2.A

3.A

4.A

5.A

6.A

7.A

8.A

9. xxxx

10. xxxx

 

 1. ကျန်းမာသော လူကြီးတစ်ယောက်အတွက် ပုံမှန်ဆိုရင် တစ်မိနစ်မှာ နှလုံးခုန်နှုန်း ဘယ်လောက်ရှိသလဲ။

(အဖြေမှန် တစ်ခုကိုသာ ရွေးချယ်ပါ။)

A. 40 မှ 80 ကြား

B. 60 မှ 100 ကြား

C. 50 မှ 120 ကြား

 

2. ဇီကာဗိုင်းရပ်ပိုးသည် လူများထံသို့ ဘယ်လိုနည်းနဲ့ ကူးစက်သလဲ။ (အဖြေမှန် တစ်ခုကိုသာ ရွေးချယ်ပါ။) A. ရောဂါပိုးရှိသော ခြင်မှတဆင့်

B. ရောဂါပိုးရှိသော အစားအသောက်မှတဆင့်

C. ရောဂါပိုးများပျံ့န့ှံနေသော လေထုမှတဆင့်

 

3. တီဘီရောဂါကို ဘယ်နှခုနှစ်တုန်းက စတင်တွေ့ရှိခဲ့တယ်လို့ ကြေညာခဲ့သလဲ။ (အဖြေမှန် တစ်ခုကိုသာ ရွေးချယ်ပါ။)

A. 1882 ခုနှစ်

B. 1850 ခုနှစ်

C. 1820 ခုနှစ်

 

4. သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးက ဘာလဲ။ (အဖြေမှန် တစ်ခုကိုသာ ရွေးချယ်ပါ။)

A. Human Immunodeficiency Virus (HIV)

B. Human Papillomavirus (HPV)

C. Chikungunya Virus

 

5. ကမ်ဘာ့ကျန်းမာရေးနေ့ (World Health Day) က ဘယ်လ၊ ဘယ်ရက် လဲ။ (အဖြေမှန် တစ်ခုကိုသာ ရွေးချယ်ပါ။)

A. ဒီဇင်ဘာလ (1) ရက်

B. ဇူလိုင်လ (28) ရက်

C. ဧပြီလ (7) ရက်

 

6. သွားတိုက်တံတစ်ချောင်းကို ဘယ်လောက်ကြာကြာသုံးသင့်သလဲ။ (အဖြေမှန် တစ်ခုကိုသာ ရွေးချယ်ပါ။)

A. 3 လ မှ 4 လ

B. 6 လ မှ 7 လ

C. 9 လ မှ 10 လ

 

7. လူတစ်ယောက်ဟာ တစ်နေ့မှာ ရေ (drinking water) အနည်းဆုံး ဘယ်လောက်သောက်သင့်သလဲ။ (အဖြေမှန် တစ်ခုကိုသာ ရွေးချယ်ပါ။)

A. 1 လီတာ

B. 2 လီတာ

C. 3.5 လီတာ

 

8. ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါကို အောက်ပါနည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။ (အဖြေမှန် တစ်ခုကိုသာ ရွေးချယ်ပါ။)

A. အစားအသောက်ဆင်ခြင်ခြင်း

B. ကာကွယ်ဆေးထိုးခြင်း

C. လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း

 

9. ဆာကူရာ ဆေးရုံ ရဲ့ ဆောင်ပုဒ်ကို ရေးသားဖော်ပြပါ။

 

10. Dr Myanmar ကျန်းမာရေး၀က်ဘ်ဆိုက် (www.drmyanmar.com) ရှိ “ကျန်းမာရေးရာအဖြာဖြာ” ကဏ္႑ကြီးအောက်တွင် ပါ၀င်သော ကဏ္႑ငယ်များထဲမှ သင်နှစ်သက်သော ကဏ္႑ငယ် 3 ခု၏အမည်ကို ရေးသားဖော်ပြပါ။

 

 

www.drmyanmar.com