/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/မြန်မာ့ဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာဖွံ့ဖြိုးမှုအတွက်-myanmar

မြန်မာ့ဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာဖွံ့ဖြိုးမှုအတွက် Myanmar Phar-Med Expo 2016 ပြပွဲ သုံးရက်တာကျင်းပလျက်ရှိ

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

          မြန်မာ့ဆေးဝါးဆိုင်ရာကုန်စည််ပြပွဲ 2016 ကို စတုတၳအကြိမ်မြောက်အဖြစ် ဇူလိုင်လ 12 ရက်နေ့မှ 14 ရက်နေ့အထိ ရန်ကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်းရှိ Rose Garden Hotel ၌ ကျင်းပလျက်ရှိသည်။

          ပြပွဲကို Minh Vi Exhibition & Advertisement Services Co., Ltd (VEAS CO., LTD) မှ ဦးစီးကျင်းပခြင်းဖြစ်ကာ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်း (MPMEEA)နှင့် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းတို့မှ ပံပိုးကူညီထားပြီး ဆေးဝါးနှင့်ဆေးကုသမှု ဆိုင်ရာ စက်ရုံများသာမက နယ်ပယ်အသီးသီးမှ ဆေးဘက်ဆိုင်ရာလုပ်ငန်းများအတွက် ကျယ်ပြန့်သောအခွင့်အလမ်းများကို ရရှိစေရန် နှစ်စဉ်နှစ်တိုင်းစီစဉ်ကျင်းပပေးနေကြောင်း သိရသည်။

          ပြပွဲတွင် ကိုရီးယား၊ အမေရိကန်၊ ထိုင်၀မ်၊ မလေးရှား၊ အီတလီ၊ တရုတ်၊ ထိုင်းနိုင်ငံ စသည့် နိုင်ငံတကာမှလည်း ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ၊နောက်ဆုံးပေါ်စက်ပစ္စည်း အသစ်များအား လာရောက် မိတ်ဆက်ပေးပြီး ပြည်တွင်းမှလာရောက်လေ့လာသူများနှင့် နိုင်ငံတကာမှပြပွဲ လာရောက်သူ 2500 ကျော်တို့အတွက် ဆေးဘက်ဆိုင်ရာထုတ်ကုန်များအား စုံလင်စွာပြသထားလျက်ရှိသည်။ ထို့အပြင် လာရောက်လေ့လာသူများအတွက် ကျန်းမာရေးဗဟုသုတများရရှိစေမည့် ဟောပြောပွဲ အစီအစဉ်များနှင့် ကံစမ်းမဲအစီအစဉ်များကိုပါ ထည့်သွင်းထားကြောင်း သိရသည်။

 

May Su Hlaing

www.drmyanmar.com