သွားကျိုးခြင်း၊ သွားကျွတ်ထွက်ခြင်းအတွက် အရေးပေါ်ကုသမှု
(၁) သွားကျိုးခြင်း၊ သွားကျွတ်ထွက်ခြင်းနှင့်အတူတခြားဒဏ်ရာများအလွန်အမင်းပြင်းထန်လျှင်
(၂) သတိလစ်နေလျှင် ဆေးရုံသို့အမြန်ဆုံးပို့ဆောင်ပါ။
သွားကျိုးခြင်းဟာ အရေးပေါ်အခြေအနေဖြစ်ပါတယ်။ သွားကျိုးသွားလျှင် ပြန်စိုက်လို့ရတဲ့နည်းတွေ အများကြီး ရှိပါတယ်။ နဂိုရှိနေတဲ့သွားကို ၃၀ မိနစ်အတွင်းပြန်စိုက်လျှင် အောင်မြင်ဖို့အလားအလာ အများကြီးရှိပါတယ်။
၁။ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ကုသခြင်း၊
ပျက်စီးသွားသောသွား၏ထိပ်ဘက်မှသာကိုင်ပါ။ အမြစ်ပိုင်းကိုမထိပါနဲ့။ ပြန်စိုက်ရာတွင် အခက်အခဲ ရှိနိုင်တာကြောင့်ဖြစ်ပါတယ်။ သွားကိုညင်သာစွာဆေးကြောပါ။ ပွတ်တိုက်ခြင်း၊ ဓားနှင့်ခြစ်ထုတ်ခြင်း၊ အရက်ပျံသုံး ၍ဆေးကြောခြင်းမပြုရ။
၂။ သွားဆရာ၀န်နှင့်မတွေ့မီသွားပြန်စိုက်ခြင်း (သို့) သိမ်းဆည်းထားခြင်း
- ပါးစပ်ကိုရေနွေးနွေးလေးနှင့် ပလုပ်ကျင်းပါ။
- ကျိုးသွားတဲ့သွားကိုနေရာတကျပြန်စိုက်ပြီးပတ်တီးစတစ်စသွားပေါ်ကခံ၍ကိုက်ထားပါ။ နေရာ မရွေ့သွားစေရန်ဖြစ်ပါတယ်။
- မိမိဘာသာပြန်စိုက်ရန်ခက်ခဲပါက နွားနို့နှင့်စိမ်ထားပြီးပဲဖြစ်စေ၊ ပါးစောင်ကြားမှာ ငုံထားပြီး ပဲဖြစ်စေ ခြောက်သွေ့မသွားစေရန် သိမ်းဆည်းထားနိုင်ပါတယ်။
- ထို့နောက် တတ်နိုင်သမျှ ချက်ချင်းသွားဆရာ၀န်ထံ သွားရောက်၍ဆေးကုသမှုခံယူရပါမယ်။
၃။ ကုသခြင်း
ပိတ်စ (သို့) အ၀တ်စကိုသုံးပြီး သွေးတိတ်အောင်လုပ်ရပါမယ်။
အရောင်ကျစေဖို့ အအေးကျပ်ထုပ် ထိုးပေးရပါမယ်။
နာကျင်ကိုက်ခဲလျှင် iburprofen (သို့) acetaminophen ဆေးတွေသောက်လို့ရပါတယ်။
၄။ ဆေးကုသမှုခံယူရန်
သွားကျိုးသွားလျှင် သွားဆရာ၀န်ဆီချက်ချင်းသွားပြပါ။ ကျိုးပြီးသားသွားကိုတစ်ပါတည်းယူသွားပါ။ သွားကျိုးလျှင်၊ နဲ့လာလျှင် သွားဆရာ၀န်ခေါ်ပါ။
















