/
news/အသုံးများဆေးဝါးများ/atova

Atova

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Atova

(1)  ဆေးအမည်

          Atorva

 

(2)  ပါ၀င်သောဆေးအမျိုးအစား

          ဆေးပြားတစ်ပြားတွင် Atorvastatin Calcium 10mg နှင့် 20mg

 

(3)  ကုသနိုင်သောရောဂါများ

          သွေးထဲတွင် ကိုလက်စထရောများခြင်း၊ သွေးထဲတွင် triglyceride အဆီဓာတ်များခြင်း အခြေအနေ များတွင် သွေးတွင်းအဆီဓာတ်လျှော့ချရန်အတွက် အစားအသောက်ဆင်ခြင်ခြင်း နည်းလမ်းနှင့် တွဲ၍သုံးသည်။

 

(4)  အသုံးပြုပုံ

          သွေးထဲတွင် ကိုလက်စထရောများသူများ 10mg တစ်နေ့တစ်ကြိမ်မှစ၍ သောက်ရမည်။ တစ်နေ့လျှင် 80mg အထိတိုး၍သောက်နိုင်သည်။ ဆေးသောက်ပြီး 2 ပတ်မှ 4 ပတ်အတွင်း သွေးတွင်းအဆီပမာဏကို ပြန်လည် စစ်ဆေးပြီး ဆေးပမာဏကိုလိုအပ်သလို ချိန်ဆရမည်။ ကျောက်ကပ်မကောင်းသူများတွင် ဆေးပမာဏကို ချိန်ဆရန်မလိုသော်လည်း အသည်းမကောင်းသောသူများ၊ အရက်သောက်သောသူများတွင် ဆေးပမာဏကို ချိန်ဆ၍ သုံးစွဲရန်။

 

(5)  ဘေးထွက်ဆိုးကျိုး

          ၀မ်းချုပ်ခြင်း၊ လေထိုးလေအောင့်ဖြစ်ခြင်း၊ အစာမကြေခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အိပ်မပျော်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ မုန့်ချိုအိတ်ရောင်ခြင်း၊ အသားဝါခြင်း၊ ယားယံခြင်း၊ အနီကွက်ထွက်ခြင်း၊ သွေးထဲတွင် သကြားဓာတ်များခြင်း/နည်းခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဓာတ်မတည့်ခြင်း။

 

(6)  ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          Creatinine Phosphokinase (CPK) ပမာဏကိုတက်စေနိုင်သဖြင့် ကြွက်သားအားနည်းသူများတွင် သတိပြု၍သုံးစွဲရန်။

          လက်ရှိအသည်းရောဂါခံစားနေရသူများ၊ သွေးထဲတွင် အသည်းမှထွက်ရှိသည့်အင်ဇိုင်းများဖြစ်သော Transaminase များ၏ပမာဏမှာ ပုံမှန်ထက်သုံးဆမြင့်တက်နေသူများအသုံးမပြုရ။

          ကိုယ်၀န်ဆောင်၊ ကလေးနှင့် နို့တိုက်မိခင်များအသုံးမပြုရ။ ကြွက်သားအားနည်းသောသူများ၊ ကျောက်ကပ် မကောင်းသောသူများတွင် အသုံးမပြုရ။

          အသည်း၏ လုပ်ငန်းဆောင်တာများကို ပျက်ယွင်းစေနိုင်သဖြင့် Atorva သုံးစွဲသူများတွင် အသည်း၏ လုပ်ငန်းဆောင်တာများကိုစစ်ဆေးရန်။

 

(7)  အခြားဆေးများနှင့်ဓါတ်ပြုမှု

          ပဋိဇီ၀ဆေး Erythromycin ၊ မှို သတ်ဆေး ဗီတာမင် B ဓာတ် (niacin) စသော ဆေးဝါးများ၊ Cyclosporin ဆေးဝါးများနှင့်တွဲသုံးပါက ကြွက်သားအားနည်းခြင်းကို ပိုမိုဖြစ်စေနိုင်ပါသည်။

          သနေ္ဓတားဆေး၊ နှလုံးရောဂါတွင်သုံးသော Digoxin နှင့်တွဲသုံးပါက သနေ္ဓတားဆေးနှင့် Digoxin ၏ အာနိသင်ကို ပိုကောင်းစေပါသည်။

          အစာအိမ်တွင်းရှိအက်ဆစ်ဓာတ်ကို လျှော့ချပေးသော Antacidများနှင့် တွဲသုံးပါက သွေးတွင်းရှိ Atorva ပမာဏကိုလျော့ကျစေပါသည်။

 

(8)  ထုတ်လုပ်သည့်ကုမ္ပဏီ

        Zydus Cadila

    

(9)  တင်သွင်းသည့်ကုမ္ပဏီ

          AA Medical

www.drmyanmar.com