/
news/အသုံးများဆေးဝါးများ/carvid

Carvid

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Carvid

(1) ဆေးအမည်

          Carvid

 

(2) ပါ၀င်သောဆေးအမျိုးအစား

          Carvedilol 3.125mg (သို့) 6.25mg (သို့) 12.5mg

 

(3) ကုသနိုင်သောရောဂါများ

          နှလုံးညှစ်အားလျော့နည်းသွားခြင်း၊သွေးတိုးရောဂါ။

 

(4) အသုံးပြုပုံ

          နှလုံးညှစ်အားလျော့နည်းသွားခြင်း - 3.125mg နှုန်းဖြင့် တစ်နေ့ ၂ ကြိမ် ၂ ပတ် သောက်ရမည်။ ထို့နောက် 6.25mg နှုန်းဖြင့် တစ်နေ့ ၂ ကြိမ် သောက်ရမည်။ ကိုယ်အလေးချိန်187ပေါင် (85 kg) အောက်ရှိသူများတွင် အမြင့်ဆုံးပမာဏ 25mg နှုန်းဖြင့်တစ်နေ့ 2 ကြိမ် ပေးနိုင်သည်။ ကိုယ်အလေးချိန် 187ပေါင် (85  kg) အထက်ရှိသောသူများတွင် အမြင့်ဆုံးပမာဏ 50mg နှုန်းဖြင့် တစ်နေ့ 2 ကြိမ်ပေးနိုင်သည်။ ဆေးပမာဏ အတိုးအလျှော့လုပ်လိုလျှင် အနည်းဆုံး ၂ ပတ်ခြားရမည်။

         

          သွေးတိုးရောဂါ - စတင်မှီ၀ဲခါစတွင် 6.25mg နှုန်းဖြင့်တစ်နေ့တစ်ကြိမ် 2 ရက် သောက်ရမည်။ ထို့နောက် 12.5mg နှုန်းဖြင့်တစ်နေ့တစ်ကြိမ်သောက်ရမည်။ အများဆုံးတစ်နေ့လျှင် 50mg ထိ သောက်နိုင်သည်။ ဆေးပမာဏအတိုးအလျှော့လုပ်လိုလျှင် အနည်းဆုံး ၂ ပတ်ခြားရမည်။

 

(5) ဘေးထွက်ဆိုးကျိုး

          သွေးပေါင်ကျခြင်း၊ ခေါင်းမူးခြင်း၊ နုံးခွေခြင်း၊ နှလုံးခုန်နှုန်းနှေးခြင်း၊ ပျို့အန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ နှလုံးညှစ်အားလျော့နည်းသွားသည့်ရောဂါပိုဆိုးလာခြင်း၊ သွေးထဲတွင် သွေးဥမွှားပမာဏနှင့် သွေးဖြူ ဥ ပမာဏနည်းလာခြင်း၊ အသည်းမှထွက်ရှိသည့်အင်ဇိုင်းများဖြစ်သော AST နှင့် ALT ပမာဏတက်ခြင်း၊ လေပြွန်ကျဉ်းခြင်း၊ နားအူခြင်း၊ ဖောခြင်း၊ တက်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          ကိုယ်၀န်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့် အသက် 18 နှစ်အောက်ကလေးများအသုံးမပြုရ။

          နှလုံး၏လျှပ်စီးပတ်လမ်းကြောင်းတွင် ဖြစ်သောရောဂါ (heart block)၊ သွေးခုန်နှုန်းနှေးခြင်း၊ သွေးလန့်ခြင်း၊ ပန်းနာရင်ကြပ်ရောဂါ၊ နာတာရှည်အသက်ရှုလမ်းကြောင်း ပိတ်ဆို့သောရောဂါ၊ အသည်းမကောင်းသောသူများနှင့် ဓာတ်မတည့်သူများအသုံးမပြုရ။

          နှလုံးညှစ်အားလျော့နည်းသောရောဂါတွင် ရောဂါကိုသက်သာအောင်ပြုလုပ်ပြီးမှသာ Carvidas ကို သုံးရန်။

          နှလုံးကြွက်သားပုပ်ဖူးသူများတွင် Cardivas သုံးစွဲခြင်းကို ရပ်ဆိုင်းသည့်အခါ ဆေးပမာဏကို တဖြည်းဖြည်းချင်း လျှော့၍ဖြတ်ရန်။

          သိုင်းရွိုက်ဟော်မုန်းများခြင်း၏ လက္ခဏာများ၊ သွေးထဲတွင် သကြားဓာတ်နည်းခြင်း၏ လက္ခဏာများကို ဖုံးကွယ်နိုင်သဖြင့် သိုင်းရွိုက်ဟော်မုန်းများသူများနှင့် ဆီးချိုရောဂါရှိသူများတွင် သတိပြု ၍သုံးစွဲရန်။

          ခေါင်းမူးစေနိုင်သဖြင့် ကားမောင်းသူများ၊ စက်ယန္တရားမောင်းနှင်သူများတွင် သတိပြု၍သုံးစွဲရန်။

 

(7) အခြားဆေးများနှင့်ဓာတ်ပြုမှု

          ဆီးချိုရောဂါတွင်သုံးစွဲရသောInsulin ထိုးဆေး(သို့) အခြားဆီးချိုထိန်းဆေးများ၏ သွေးတွင်း သကြားဓာတ်ကျစေသော အာနိသင်ကိုပိုကောင်းစေသဖြင့် ထိုဆေးများနှင့် carvedilol တွဲသုံးပါကသတိပြု၍ သုံးစွဲရန်။

          အခြားသောသွေးပေါင်ချိန်ထိန်းဆေးများ၊ မေ့ဆေးများနှင့်တွဲဖက်သုံးစွဲပါကသွေးပေါင် အလွန်ကျ သွားစေနိုင်ပါသည်။

          နှလုံးရောဂါတွင်သုံးသော Digoxin နှင့်တွဲသုံးပါက Digoxin ပမာဏကိုတက်စေပါသည်။

          တီဘီရောဂါကုဆေး Rifampicin နှင့် တွဲသုံးပါကCarvedilol ၏ အာနိသင်ကိုလျော့ကျ စေပါသည်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

        Zifam India/ Zifam Pinnacle

       

(9) တင်သွင်းသည့်ကုမ္ပဏီ

          Pyrex

www.drmyanmar.com