/
news/အသုံးများဆေးဝါးများ/coveram

Coveram

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Coveram

(1) ဆေးအမည်

        Coveram

 

(2) ပါ၀င်သောဆေးအမျိုးအစား

        Perindopril arginine နှင့် Amlodipine

 

(3) ကုသနိုင်သောရောဂါများ

        သွေးတိုးရောဂါများ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများ။

 

(4) အသုံးပြုပုံ

          ဆေးပြားတစ်နေ့တစ်ကြိမ် မနက်စာမစားမီသောက်ရန်။ မေ့သွားပါက နောက်ဆေးတစ်လုံးကို ပုံမှန် အချိန်တွင်သောက်ရမည်။ ဆေးနှစ်လုံးတစ်ပြိုင်နက်သောက်ရန်မလိုပါ။ စွဲသောက်ရန် လိုအပ်သော ဆေးဖြစ်သဖြင့် ဆရာ၀န်ညွှန်ကြားသည့်အတိုင်း အတိအကျသောက်ရန် လိုအပ်သည်။

 

(5) ဘေးထွက်ဆိုးကျိုး

        ခေါင်းမူးခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာနှင့်ပါးစပ်တို့ ရောင်ရမ်းခြင်း၊ အသက်ရှုရန်ခက်ခဲခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ အိပ်ငိုက်ခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း၊ နားအူခြင်း၊ သွေးပေါင်ကျခြင်း၊ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ဓာတ်မတည့်ခြင်း၊ စိတ်ခံစားမှုပြောင်းလဲခြင်း၊ နှာရည်ယိုခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ကိုယ်အလေးချိန်ပြောင်းလဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချေွးထွက်များခြင်း၊ အမျိုးသားများတွင် ရင်သားများကြီးလာခြင်း၊ အာရုံကြောအားနည်းခြင်း၊ သွေးကြောရောင်ရမ်းခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        နှလုံးမကောင်းခြင်းကြောင့် သွေးပေါင်အလွန်ကျသွားသူများ၊ နှလုံးသွေးလွှတ်ကြောမကြီး ကျဉ်းနေ သူများ၊ နှလုံးသွေးကြောကျဉ်း၍ နှလုံးအောင့်သော ေ၀ဒနာခံစားနေရသူများ၊ သွေးပေါင်အလွန်ကျနေသူများ အသုံးမပြုရ။ နှလုံးကြွက်သားပုတ်ပြီး 28 ရက်အတွင်း နှလုံးညှစ်အားမကောင်းသောသူများတွင် အသုံးမပြုရ။

        ကိုယ်၀န်ဆောင်၊ နို့တိုက်မိခင်များ၊ ကလေးများနှင့်လူငယ်များတွင် အသုံးမပြုရ။

        လက်တို့စ် (Lactose) သကြားပါ၀င်သောကြောင့် Lactose သကြားနှင့် ဓာတ်မတည့်သူများ အသုံးမပြုရ။

        ကျောက်ကပ်သွေးကြောကျဉ်းသူများ၊ နှလုံးကြွက်သားထူလွန်းပြီးနှလုံးကြီးနေသူများ၊ သွေးချိုရောဂါ ရှိသူများ၊ ကျောက်ကပ်ဆေးနေရသူများ၊ အသည်းရောဂါရှိသူများ သတိပြု၍ သုံးစွဲရန်။

        Coveram သုံးစွဲနေရစဉ်အတောအတွင်း အကြီးစားခွဲစိတ်ကုသမှုခံယူရန် (သို့)မေ့ဆေးသုံးစွဲရန် လိုအပ်လာပါက သမားတော်ကိုအသိပေးတိုင်ပင်ရမည်။

        ကားမောင်းသူများ၊ စက်မောင်းနှင်သူများတွင် ခေါင်းမူးနိုင်သဖြင့် သတိပြု၍ သုံးစွဲရန်။

(7) အခြားဆေးဝါးများနှင့်ဓာတ်ပြုမှု

        စိတ်ရောဂါတွင်သုံးသော lithium၊ ကင်ဆာဆေး ( estramustine) ၊ ဆီးဆေး (spironolactone)၊ ပိုတက်ဆီယမ်ဖြည့်စွက်ဆေး၊ ပိုတက်ဆီယမ်ပါ၀င်သော ဆားအစားထိုးပစ္စည်း များနှင့်တွဲမသုံးရ။

        အကိုက်အခဲပျောက်ဆေး (Ibuprofen၊ Aspirin)၊ သွေးပေါင်ကျဆေးအင်ဆူလင်၊ ဆီးဆေးများ၊ စိတ်ရောဂါတွင်သုံးသောဆေးဝါးများ (Tricyclic antidepressant၊ imipramine  like antidepressant)၊ ဂေါက်ရောဂါတွင်သုံးသော allopurinol ၊ နှလုံးရောဂါတွင်သုံးသော procainamide ၊ သွေးကြောကျယ်စေသောဆေး (nitrate)၊ သွေးကျဲဆေး ( heparin)၊ သွေးပေါင်တက်စေသော ဆေးဝါး များ (Adrenaline, noradrenaline၊ ကြွက်သားတောင့်တင်းသောရောဂါများတွင်သုံးသော baclofen ဆေးဝါး၊ ပဋီဇီ၀ဆေး Rifampicin၊ အတက်ရောဂါကျဆေးများ၊ မှိုသတ်ဆေး (Ketoconazole၊ Itraconazole)၊ ဆီးကျိတ်ရောဂါတွင် သုံးသောဆေးဝါးများ ( prazosin၊ Alfuzosin၊ doxazosin)၊ စတီးရွိုက်ဆေးဝါးများ၊ အရိုးအဆစ်ရောင်ရောဂါတွင် သုံးသော gold salt ဆေးဝါးများနှင့်တွဲသုံးပါက သတိပြု၍သုံးစွဲရန်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

        Servier

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          Maxxcare

www.drmyanmar.com