Cypon
(1) ဆေးအမည်
Cypon
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးတောင့်တစ်တောင့်တွင် cyproheptadine HCL 2mg၊ ဆေးရည် 5ml တွင် cyprohepatadine HCL 2mg ပါ၀င်ပြီး အစက်ချဆေး 1 ml တွင် cyproheptadine HCL 1.5mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
ကိုယ်အလေးချိန်တက်လိုသူများ၊ အစားစားလိုစိတ်မရှိသူများတွင် အစာစားချင်စိတ်ဖြစ်ပေါ်စေရန် အသုံးပြုနိုင်သည်။ တီဘီရောဂါကုသဆေး (သို့မဟုတ်) HIV ပိုးတိုက်ဖျက်ဆေး သောက်သုံးနေရစဉ် အတောအတွင်း ကိုယ်အလေးချိန်တက်စေရန် တွဲဖက်အသုံးပြုနိုင်သည်။
(4) အသုံးပြုပုံ
ဆေးတောင့် - တစ်ခါသောက်လျှင် ဆေးတောင့် ၁ တောင့် မှ ၂ တောင့်၊ တနေ ၂ ကြိမ်ပုံမှန်သောက်ရန်။
ဆေးရည် - လူကြီး - လက်ဖက်စားဇွန်းနှင့် ၂ ဇွန်း တနေ့ ၃ ကြိမ်။ ကလေး (7 နှစ်မှ 14 နှစ်) လက်ဖက်စား ဇွန်း ၁ ဇွန်းမှ ၂ ဇွန်း တနေ့ ၃ ကြိမ်။ ကလေး (2 နှစ်မှ 6 နှစ်) လက်ဖက်စားဇွန်း ၁ ဇွန်း ၁ နေ့ ၃ ကြိမ်။
အစက်ချဆေးရည် - ကလေး (1 နှစ် မှ 2 နှစ်) 1 ml မှ 2 ml တနေ့ ၂ ကြိမ်။ ကလေး ( 6 လ မှ 1 နှစ် ) 0.5 ml မှ 1ml တနေ့ ၂ ကြိမ်။
(5) ဘေးထွက်ဆိုးကျိုး
ငိုက်မြည်းခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ လက်တုန်ခြင်း၊ ထင်ယောင်ထင်မှား ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ အကြောင်းမဲ့ရွှင်မြူးနေခြင်း၊ တက်ခြင်း၊ ယားယံခြင်း၊ အမြင်မှုန်ဝါးခြင်း၊ နားအူခြင်း၊ သွေးပေါင်ကျခြင်း၊ ရင်တုန်ခြင်း၊ သွေးအားနည်းခြင်း၊ အသည်းရောင်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းလျောခြင်း၊ ဆီးခဏခဏသွားခြင်း၊ နုံးခွေခြင်း၊ အာခေါင်ခြောက်ခြင်း၊ ရင်ကြပ်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ဓါတ်မတည့်သူများ၊ ရေတိမ်ရောဂါရှိသူများ၊ အစာအိမ်အနာရှိသူများ၊ ဆီးကြိတ်ကြီးသူများ၊ ဆီးအိမ်အ၀ ကျဉ်းသူများ၊ အိပ်ရာထဲလဲနေသူများ အသုံးမပြုရ။
နို့တိုက်မိခင်များ၊ မွေးကင်းစကလေးနှင့် ပေါင်မပြည့်၊ လမစေ့သောကလေးများ အရည်နှင့် အစက်ချဆေးရည် အားအသုံးမပြုရ။
နှလုံးရောဂါရှိသူများ၊ ပန်းနာရင်ကြပ်ရောဂါရှိသူများ၊ သွေးတိုးရောဂါရှိသူများ၊ သွိုင်းရွိုက်ဟော်မုန်း ပမာဏများသူများ၊ သက်ကြီးရွယ်အိုများတွင် သတိပြု၍ သုံးစွဲရန်။
(7) အခြားဆေးများနှင့်ဓါတ်ပြုမှု
စိတ်ကျရောဂါကုသဆေး MAOI များနှင့်တွဲသုံးပါက cyproheptadine ၏အာနိသင်ကိုပိုကောင်းစေသည်။
အိပ်ဆေးများ၊ စိတ်ရောဂါကုသဆေးနှင့် တွဲသောက်ပါက ဆေးနှစ်မျိုးလုံး၏အာနိသင်ပိုကောင်းလာမည်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Geno
(9) တင်သွင်းသည့်ကုမ္ပဏီ
Mascots















