/
news/အသုံးများဆေးဝါးများ/diabose

Diabose

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Diabose

(1) ဆေးအမည်

       Diabose

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတစ်ပြားတွင် Acarbose 50mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ       

          အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါတွင် တစ်မျိုးတည်းဖြစ်စေ၊ အခြားသောဆေးများဖြင့်ဖြစ်စေ တွဲစပ်၍ အသုံးပြုနိုင်သည်။

 

(4) အသုံးပြုပုံ

        တစ်ခါသောက်25mg တစ်နေ့ 3 ကြိမ် အစာမစားမီ။ အများဆုံး 50mg မှ 100mg တစ်နေ့ 3 ကြိမ် ထိသောက်နိုင်သည်။

 

(5) ဘေးထွက်ဆိုးကျိုး

        ဗိုက်အောင့်ခြင်း၊ ၀မ်းလျှောခြင်း၊ လေပွခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          ဓာတ်မတည့်သူများ၊ အသည်းခြောက်သောသူများ၊ သွေးထဲတွင် ကီတုန်းဓာတ်(ketone) များနေသော ဆီးချိုေ၀ဒနာရှင်များ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများ၊ အူလမ်းကြောင်း ပိတ်ဆို့နိုင်ချေရှိသူများ အသုံးမပြုရ။

        နို့တိုက်မိခင်များအသုံးမပြုရ။

 

(7) အခြားဆေးများနှင့်ဓာတ်ပြုမှု

          ဆီးဆေး၊ သနေ္ဓတားဆေး၊ စတီးရွိုက်ပါသောဆေးများ၊ အီစရိုဂျင်ပါ၀င်သောဆေးဝါးများ၊ သိုင်းရွိုက်နှင့် ပတ်သက်သော ဆေးဝါးများ၊ အတက်ရောဂါတွင်သုံးသောphenytoin၊ တီဘီရောဂါကုဆေး Isoniazid နှင့် သွေးတိုး ထိန်းဆေး Ca-Channel-Blocker ဆေးဝါးများသည်သွေးတွင်းရှိသကြားဓာတ်ကို မြင့်တက်စေနိုင်သဖြင့် ၄င်းဆေးများနှင့် တွဲသုံးပါက သွေးတွင်းရှိသကြားဓာတ်ပမာဏကို ပုံမှန်တိုင်းတာရန်။

          Charcoalနှင့် အစာခြေအင်ဇိုင်းများဖြစ်သော Amylase, pancreatin ပါ၀င်သောဆေးများနှင့် တွဲဖက်အသုံးမပြုသင့်ပေ။

          Insulin နှင့် Sulfonylurea ကဲ့သို့သော ဆီးချိုကျဆေးများနှင့်တွဲသုံးပါက သွေးထဲရှိသကြားဓာတ်ကျဆင်းမှု ပိုများသွားနိုင်သည်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          Micro Labs

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          Zizawa Health Care

 www.drmyanmar.com