/
news/အသုံးများဆေးဝါးများ/dilatrend

Dilatrend

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Dilatrend

(1) ဆေးအမည်

        Dilatrend

 

(2) ပါ၀င်သောဆေးအမျိုးအစား   

          Carvedilol 6.25mg (သို့) 25mg

 

(3) ကုသနိုင်သောရောဂါများ       

          သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးညှစ်အားမကောင်းသောရောဂါ

 

(4) အသုံးပြုပုံ

          သွေးတိုးရောဂါ 12.5mg တစ်နေ့တစ်ကြိမ် 2 ရက်။ လူနာအခြေအနေပေါ်မူတည်ပြီး အနည်းဆုံး 2 ပတ်ခြား၍ ဆေးပမာဏကို 50mg ထိတိုး၍ သောက်နိုင်သည်။

          နှလုံးသွေးကြောကျဉ်းရောဂါ 12.5mg တစ်နေ့ 2 ကြိမ် 2 ရက်ကြာလျှင် 25mg တစ်နေ့ 2 ကြိမ်။ လိုအပ်ပါက လူနာအခြေအနေပေါ်မူတည်ပြီး အနည်းဆုံး 2 ပတ်ခြား၍ ဆေးပမာဏကို 100 mg ထိတိုး၍ သောက်နိုင်သည်။

          နှလုံးညှစ်အားမကောင်းသောရောဂါ 3.12mg တစ်နေ့ 2 ကြိမ်မှစ၍ နှစ်ပတ်သောက်သုံးရမည်။ အနည်းဆုံး နှစ်ပတ်ခြား၍ 6.25mg တစ်နေ့ 2 ကြိမ်၊ ထို့နောက် နှစ်ပတ်ခြား၍ 12.5mg တစ်နေ့ 2 ကြိမ်၊ ထို့နောက် 25mg တစ်နေ့ 2 ကြိမ် လူနာအခြေအနေပေါ်မူတည်၍ သောက်သုံးနိုင်သည်။

 

(5) ဘေးထွက်ဆိုးကျိုး

          သွေးပေါင်ကျခြင်း၊ ခေါင်းမူးခြင်း၊ နုန်းခွေခြင်း၊ နှလုံးခုန်နှုန်းနှေးခြင်း၊ ပျို့အန်ခြင်း၊ ခြေထောက်များ သို့ သွေးလွှတ်ကြောလှည့်ပတ်မှုပိုမိုပျက်ယွင်းလာခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ နှလုံးညှစ်အား မကောင်းသောရောဂါပိုဆိုးလာခြင်း၊ သွေးထဲတွင် သွေးဥမွှားပမာဏနှင့် သွေးဖြူ ဥပမာဏ နည်းလာခြင်း၊ အသည်းအင်ဇိုင်း AST နှင့် ALT ပမာဏတက်ခြင်း၊ လေပြွန်ကျဉ်းခြင်း၊ နားအူခြင်း၊ ဖောခြင်း၊ တက်ခြင်း။

 

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          နှလုံးရှိသဘာ၀လျှစ်စီးပတ်လမ်းချို့ယွင်းခြင်းကြောင့် ရင်တုန်ခြင်း၊ သတိလစ်ခြင်း၊ ခေါင်းကိုက်ခြင်း စသည်တို့ဖြစ်ပေါ်ခြင်းရောဂါ (heart block)၊ သွေးခုန်နှုန်းနှေးခြင်း၊ သွေးလန့်ခြင်း၊ ပန်းနာရင်ကြပ်ရောဂါ၊ နာတာရှည်အသက်ရှုလမ်းကြောင်းပိတ်ဆို့သောရောဂါ၊ အသည်းမကောင်းသောသူများနှင့် ဓာတ်မတည့် သူများအသုံးမပြုရ။ ကိုယ်၀န်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့် 18 နှစ်အောက်ကလေးများ အသုံးမပြုရ။      

          နှလုံးညှစ်အားမကောင်းသောရောဂါတွင် ရောဂါကိုသက်သာအောင်ပြုလုပ်ပြီးမှသာ Carvedilol ကိုသုံးရန်။

          သိုင်းရွိုက်ဟော်မုန်းများခြင်း၏ လက္ခဏာများ၊ သွေးထဲတွင် သကြားဓာတ်များခြင်း၏ လက္ခဏာများကို ဖုံးကွယ်နိုင်သဖြင့် သိုင်းရွိုက်ဟော်မုန်းများသူများနှင့် ဆီးချိုရောဂါရှိသူများတွင် သတိပြု ၍သုံးစွဲရန်။ ကားမောင်းသူများ၊ စက်မောင်းနှင်သူများတွင် ခေါင်းမူးနိုင်သဖြင့် သတိပြု၍သုံးစွဲရန်။ ကျောက်ကပ်ပေါ်တွင်ရှိသော အယ်ဒရီနယ် (Adrenal) ဂလန်းတွင်းရှိ သွေးကြောများတွင်ဖြစ်သော အကျိတ် (Pheochromocytoma) ရှိသူများတွင် သတိပြု၍သုံးစွဲရန်။

          ဆေးသုံးစွဲခြင်းကို ရုတ်တရက်ဖြတ်တောက်ခြင်းမပြုရ။

 

(7) အခြားဆေးများနှင့်ဓာတ်ပြုမှု

          အခြားသောသွေးပေါင်ချိန်ထိန်းဆေးများနှင့်တွဲသုံးပါက ၎င်းဆေး၏အာနိသင်ကို ပိုကောင်းစေပါသည်။

          အမျိုးအစား(၁) နှလုံးခုန်နှုန်းပုံမှန်ဖြစ်စေသောဆေးများ (e.g Verapamil) နှင့်တွဲသုံးပါက သတိပြု၍သုံးစွဲရန်။

          နှလုံးရောဂါတွင်သုံးသော (Digoxin) နှင့်တွဲသုံးပါက သွေးတွင်းရှိ Digoxin ပမာဏကို တက်စေပါသည်။

          တီဘီရောဂါကုဆေး Rifampicin နှင့် တွဲသုံးပါက Carvedilol ၏ အာနိသင်ကို လျော့ကျစေပါသည်။

          သွေးတွင်းရှိသကြားဓာတ်ကိုကျစေနိုင်သဖြင့် Insulin ထိုးဆေး(သို့) ဆီးချိုဆေးများဖြင့် တွဲသုံးပါက သတိပြု၍သုံးစွဲရန်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          Roche

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          DKSH

www.drmyanmar.com