Durasalyn-CR
(1) ဆေးအမည်
Durasalyn-CR
(2) ပါ၀င်သောဆေးအမျိုးအစား
Theophylline 200 mg
Salbutamol 4 mg
Neutral Seeds ethyl cellulose
Talc
Colloidal Silicon dioxide
Shellac
Isopropyl alcohol
Dewaxed Shellac
(3) ကုသနိုင်သော ရောဂါများ
နာတာရှည် အသက်ရှူလမ်းကြောင်း ပိတ်ဆို့သောရောဂါနှင့် ပန်းနာရင်ကျပ်ရောဂါ။
(4) အသုံးပြုပုံ
ဆေးတောင့်တစ်တောင့် - တစ်နေ့ ၂ ကြိမ် (မနက် ၈ နာရီနှင့် ညနေ ၆ နာရီ)
(5) ဘေးထွက်ဆိုးကျိုး
ပျို့အန်ခြင်း၊ ရင်ညွန့်အောင့်ခြင်း၊ ၀မ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ တက်ခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးခုန်နှုန်း စည်းချက်မမှန်ခြင်း၊ အသက်ရှူ နှုန်းမြန်ခြင်း၊ ထိပ်ပြောင်ခြင်း၊ အနီစက်ထွက်ခြင်းတို့ကို ခံစားရနိုင်ပါသည်။
Salbutamol ပါ၀င်ခြင်းကြောင့် ကြွက်သားတုန်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးတုန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းမူးခြင်း၊ ယားယံခြင်း၊ အနီစက်ပေါ်ခြင်း၊ ပါးစပ်နှင့်လည်ချောင်း ရောင်ရမ်းခြင်းတို့ ခံစားရနိုင်ပါသည်။ သို့သော် လက္ခဏာများမှာ ခဏတာဖြစ်ပြီး ဆေးကိုဖြတ်ပေးရန်မလိုပေ။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
အစာအိမ်အနာရှိသူများ၊ အတက်ရောဂါရှိသူများ၊ Xanthine နှင့် ဓာတ်မတည့်သူများ၊ Salbutamol နှင့် ဓာတ်မတည့်သူများ အသုံးမပြုသင့်ပါ။
သွေးထဲတွင် theophylline ပမာဏ 20mcg/ml ထက် များပါက ဆေးအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်သည်။ အဆိပ်သင့်ပါက နှလုံးခုန်နှုန်းမမှန်ခြင်း၊ တက်ခြင်းနှင့် အသက်ဆုံးရှုံးခြင်း တို့ ဖြစ်နိုင်သည်။
Theophylline ပါ၀င်သောကြောင့် နှလုံးခုန်နှုန်းစည်းချက်ချို့ယွင်းခြင်း၊ မူလရှိနေ သော နှလုံးစည်းချက် မမှန်ခြင်းလက္ခဏာများ ပိုမိုဆိုးဝါးလာခြင်းတို့ ဖြစ်နိုင်ပါသည်။
အရက်သောက်သောသူများ၊ အသည်းမကောင်းသူများ၊ နာတာရှည်အဆုတ်ရောဂါရှိသူများ၊ အဖျားကြီး သူများ၊ အောက်စီဂျင်နည်းသော အခြေအနေများ၊ သွေးတိုးရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ၊ အရက်သောက်သူများ၊ အသက်ကြီးသူများ၊ အစာအိမ်အနာရှိသူများတွင် သတိပြု၍ သုံးစွဲရမည်။
နှလုံးသွေးကြောရောဂါရှိသူများ၊ နှလုံးစည်းချက် မမှန်သူများ၊ သွေးတိုးရောဂါရှိသူများ၊ ဆီးချိုေ၀ဒနာရှင်များ၊ အတက်ရောဂါရှိသူများ၊ သိုင်းရွိုက်ဟော်မုန်းများသူတို့တွင် Salbutamol ကို သတိပြု၍ သုံးစွဲရမည်။
Salbutamol နှင့် ဓာတ်မတည့်ပါက ယားယံခြင်း၊ သွေးကြောရောင်ရမ်းခြင်း၊ အနီစက်ပေါ်ခြင်း၊ ပါးစပ်နှင့် လည်ချောင်း ရောင်ရမ်းခြင်းတို့ ခံစားရနိုင်ပါသည်။
၁၂ နှစ်အောက်ကလေးများတွင် အသုံးပြုရန် မသင့်ပေ။
ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတွင် ချိန်ဆ၍ သုံးစွဲရန်။
(7) အခြားဆေးများနှင့်ဓာတ်ပြုမှု
အိပ်ဆေး Barbituate, Charcol, မှိုသတ်ဆေး Ketoconazole, တီဘီရောဂါကုသဆေး Rifampicin စသော ဆေးများနှင့် ဆေးလိပ်သောက်ခြင်းတို့သည် theophylline ၏ အာနိသင်ကို လျော့ကျစေနိုင်သည်။
ဂေါက်ရောဂါကုသဆေး Allopurinol, သွေးပေါင်ထိန်းဆေး Beta blocker, Calcium Channel Blockers, အစာအိမ်ရောဂါကုသဆေး Cimetidine, ပဋိသနေ္ဓတားဆေး Oral Contraceptive, Steroid, အရက်စွဲရောဂါ ကုသဆေး Disulfiram, ရင်ကြပ်ကုသဆေး Ephedrine, ပဋိဇီ၀ပိုးသတ်ဆေး Macrolide နှင့် Quinolone တို့သည် သွေးတွင်းရှိ Theophylline ၏ ပမာဏကို မြင့်တက်စေနိုင်သည်။
ခန္ဓာကိုယ်ဖြစ်စဉ်များကိုအားပေးသည့် ဦးနှောက်နှင့်အာရုံကြောအစိတ်အပိုင်းများကို လှုံ့ဆော်ပေးသောဆေးများ (Sympathomimetic agents) နှင့် Salbutamol ကို တွဲမသုံးသင့်ပေ။ ထိုကဲ့သို့တွဲသုံးခြင်းသည် နှလုံးနှင့်သွေးကြော ဆိုင်ရာ သက်ရောက်မှုများကို ပိုမိုဆိုးရွားစေသော ကြောင့်ဖြစ်သည်။
စိတ်ရောဂါကုသဆေး Monoamine Oxidase Inhibitor သို့မဟုတ် tricyclic antidepressant သုံးနေသောသူများတွင် Salbutamol ကို သတိပြု၍ သုံးစွဲရမည်။ သွေးပေါင်ထိန်းဆေး Beta blocker ဆေးများသည် Salbutamol ၏ အာနိသင်ကို တားဆီးပေးသည်။
Theophylline ကို အခြားသော Xanthine ပါ၀င်သောဆေးများဖြင့် တွဲ၍အသုံးမပြုသင့်ပေ။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Raptakos, Brett
(9) တင်သွင်းသည့်ကုမ္ပဏီ
KMT
















