Ipramist
(1) ဆေးအမည်
Ipramist
(2) ပါ၀င်သောဆေးအမျိုးအစား
နှာခေါင်းတွင်းဖျန်းဆေးရည်ဖြစ်ပြီး ဆေးရည် 1ml တွင် Ipratropium bromide 0.6mg benzalkonium Chloride Solution 0.5mg နှင့် Purified water 1ml
(3) ကုသနိုင်သောရောဂါများ
အသက် ၅နှစ်နှင့်အထက်ကလေးများနှင့် လူကြီးများတွင် အအေးမိခြင်းကြောင့်ဖြစ်သော နှာရည်ယိုခြင်း။
(4) အသုံးပြုပုံ
အသက် ၁၂နှစ်အရွယ် ကလေးနှင့်လူကြီးများ - တစ်နေ့ ၃ကြိမ်မှ ၄ကြိမ်။ တစ်ကြိမ်လျှင် ၂ ခါဖျန်းပေးပါ။
အသက် ၅နှစ်မှ ၁၁နှစ် - တစ်နေ့ ၃ကြိမ် တစ်ကြိမ်လျှင် ၂ခါဖျန်းပေးပါ။
(5) ဘေးထွက်ဆိုးကျိုး
နှာခေါင်းသွေးလျှံခြင်း၊ အရသာခံစားနိုင်စွမ်းပြောင်းလဲခြင်း၊ မျက်စိနာခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းမူးခြင်း၊ လည်ချောင်းရောင်ရမ်းခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ရေငတ်ခြင်း၊ နားအူခြင်း၊ အမြင်မှုန်ဝါး ခြင်း၊ ရေတိမ်ရောဂါပိုဆိုးလာခြင်း၊ ဆီးအိမ်ထဲတွင် ဆီးများစုပုံနေခြင်း၊ ဓာတ်မတည့်ခြင်း၊ ၀မ်းချုပ်ခြင်း၊ အူပိတ်ခြင်းတို့ဖြစ်နိုင်ပါသည်။ ဓာတ်မတည့်ပါက အနီစက်ထွက်ခြင်း၊ ယားယံခြင်း၊ သွေးကြောရောင်ရမ်းခြင်း၊ လေပြွန်ကျဉ်းခြင်းတို့ကိုခံစားရနိုင်ပါသည်။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
Atropine နှင့် ဓာတ်မတည့်သူများ၊ Ipramist တွင် ပါ၀င်သောပစ္စည်းများနှင့်ဓာတ်မတည့် သူများ၊ ၅နှစ်အောက်ကလေးများတွင် အသုံးမပြုရ။
ရေတိမ်ရောဂါရှိသူများ၊ ဆီးကျိတ်ကြီးသူများ၊ နို့တိုက်မိခင်နှင့် ကိုယ်၀န်ဆောင်မိခင်များတွင် သတိပြု၍သုံးစွဲရန်။
Ipramist ဆေးရည်မျက်စိထဲ၀င်သွားပါက မျက်လုံးမှုန်ဝါးခြင်း၊ မျက်လုံးအောင့်ခြင်း၊ ရေတိမ်ရောဂါပိုဆိုးလာခြင်း တို့ကို ခံစားရနိုင်ပါသောကြောင့် မျက်လုံးနှင့်တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားရမည်။ မျက်လုံးအောင့်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ နှာခေါင်းအတွင်း ခြောက်သွေ့ခြင်း၊ နှာခေါင်းသွေးလျှံခြင်းတို့ကို ခံစားရပါက ဆရာ၀န်နှင့် ချက်ချင်းတိုင်ပင်သင့်ပါသည်။
(7) အခြားဆေးများနှင့်ဓာတ်ပြုမှု
အခြားသော Anti Cholinergic ဆေးသုံးစွဲနေရပါက သတိပြု ၍ သုံးစွဲရန်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Zydus Cadila
(9) တင်သွင်းသည့်ကုမ္ပဏီ
AA Medical
















