Levomet
(1) ဆေးအမည်
Levomet
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတပြားတွင် levodopa 250mg နှင့် Carbidopa 25mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
ပါကင်ဆန်ရောဂါ
(4) အသုံးပြုပုံ
ယခင်ကတည်းက levodopa ဆေးဝါးသုံးစွဲခြင်းမရှိသော လူများ - အစပိုင်း၌ Carbidopa 10mg နှင့် Levodopa 100mg တနေ့ 3 ကြိမ်မှ 4 ကြိမ် (သို့) Carbidopa 25mg နှင့် Levodopa 100mg တနေ့ 3 ကြိမ်။ လူနာအခြေနေပေါ်မူတည်ပြီး ဆေးဝါးပမာဏတိုး၍ သောက်နိုင်သည်။
ယခင်က Levodopa ဆေးဝါးတမျိုးတည်းသုံးစွဲထားသောလူများ - Levodopa ဆေးသောက်သုံးခြင်းကို ရပ်တန့်ပြီး 12 နာရီကြာမှ Levomet ကို စတင်သောက်သုံးရန်။
Levodopa ဆေးဝါးကို 1.5g အောက်သုံးစွဲသောလူနာများ - အစပိုင်း၌ Carbidopa 10mg နှင့် Levodopa 100mg တနေ့ 3 ကြိမ်မှ 4 ကြိမ် (လူနာအခြေအနေပေါ်မူတည်ပြီး ဆေးဝါးပမာဏတိုး၍ သောက်နိုင် သည်။
Levodopa ဆေးဝါးကို 1.5g နှင့်အထက် လိုအပ်သောလူနာများ - Levodopa 250 mg နှင့် Carbidopa 25mg တနေ့ 3 ကြိမ်မှ 4 ကြိမ်၊ တနေ့လျှင် Carbidopa 200mg နှင့် Levodopa 2g မကျော်စေရ။
(5) ဘေးထွက်ဆိုးကျိုး
စိတ်ပူပန်ခြင်း၊ သွားကြိတ်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ နုံးခွေခြင်း၊ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ အာရုံကြောအားနည်းခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်တွင်းရှိ လေအိတ်ငယ်များအတွင်း လေခိုအောင်းခြင်း၊ အဆုတ်နှင့် ဆိုင်သောရောဂါရှိသူများ၊ အတက်ရောဂါရှိသူများ၊ ဆီးချိုသွေးချိုရောဂါရှိသူများ၊ ရေတိမ်ရောဂါရှိသူများ၊ အသည်းနှင့်ကျောက်ကပ်မကောင်းသောသူများ၊ စိတ်ရောဂါရှိသူများ၊ နှလုံးကြွက်သားပုတ်နေသူများ၊ အစာအိမ်အနာရှိသူများ၊ 18 အောက်ကလေးများတွင် အသုံးမပြုရ။
ကိုယ်၀န်ဆောင်၊ နို့တိုက်မိခင်၊ ကလေးများနှင့် သက်ကြီးရွယ်အိုများတွင် ဆရာ၀န်ညွှန်ကြားချက် အတိုင်း သုံးစွဲရန်။
(7) ထုတ်လုပ်သည့်ကုမ္ပဏီ
Unison
(8) တင်သွင်းသည့်ကုမ္ပဏီ
R.Oasis















