/
news/အသုံးများဆေးဝါးများ/loritec

Loritec

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Loritec

(1) ဆေးအမည်

        Loritec

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတပြားတွင် Lopinavir 200mg နှင့် Ritonavir 50mg

 

(3) ကုသနိုင်သောရောဂါများ

        HIV 1 ရောဂါပိုးကူးစက်ခံရလျှင် HIV ပိုးကုသသည့် အခြားဆေးများနှင့် တွဲဖက်အသုံးပြုသည်။

 

(4) အသုံးပြုပုံ

        လူကြီးLopinavir400/ Ritonavir 100mgတနေ့ 2 ကြိမ်။(တစ်ခါသောက် ဆေးပြားနှစ်ပြားသောက်ရမည်။)

        Efavirenz, nevirapine, nelfinavir စသောဆေးများနှင့် တွဲသုံးပါကLopinavir500/Ritonavir 125mg တနေ့ 2 ကြိမ်(တစ်ခါသောက် ဆေးပြားနှစ်ပြားခွဲသောက်ရမည်။)

 

 (5) ဘေးထွက်ဆိုးကျိုး

        ပျို့အန်ခြင်း၊ ၀မ်းလျောခြင်း၊ ဗိုက်အောင့်ခြင်း၊ သရက်ရွက်ရောင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အသည်းဆိပ်သင့်စေခြင်း၊ သွေးမတိတ်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်း၊ သွေးထဲတွင်အချိုဓါတ်များခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        ဓါတ်မတည့်သူများအသုံးမပြုရ။ ကိုယ်၀န်ဆောင်များတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။

 

(7) ထုတ်လုပ်သည့်ကုမ္ပဏီ

        Zifam India/Zifam Pinnacle

 

(8) တင်သွင်းသည့်ကုမ္ပဏီ

        Pyrex

www.drmyanmar.com