/
news/အသုံးများဆေးဝါးများ/losacar

Losacar

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Losacar

(1) ဆေးအမည်

        Losacar

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတပြားတွင်Losartan Potassium 25 mg(သို့) 50 mg

 

(3) ကုသနိုင်သောရောဂါများ

        သွေးတိုးရောဂါ

 

 (4) အသုံးပြုပုံ

        ဆေးပြား50 mg တစ်နေ့တစ်ကြိမ်မှ နှစ်ကြိမ်။တစ်နေ့လျှင် အများဆုံး 25 mg  မှ 100 mg ထိသုံးနိုင်သည်။

        အသည်းမကောင်းသောသူများတွင် 25 mg မှစ၍ ပေးရမည်။

        အသက်ကြီးသောသူများ၊ ကျောက်ကပ်မကောင်းသောသူများတွင် ဆေးပမာဏကိုချိန်ဆ၍သုံးစွဲရန်။

 

(5) ဘေးထွက်ဆိုးကျိုး

        ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နုံးခွေခြင်း၊ ဖောရောင်ခြင်း၊ ဆေးကိုပထမဦးဆုံးသောက်ပြီးချိန်တွင် သွေးပေါင် ကျလေ့ရှိခြင်း၊ ဓာတ်မတည့်ခြင်း၊ သွေးထဲတွင် ပိုတက်ဆီယမ်ဓာတ်များခြင်း။

 

 (6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတွင်အသုံးမပြုရ။ ကျောက်ကပ်သွေးကြောကျဉ်းသောသူများတွင် သတိပြု၍ သုံးစွဲရန်။ ပိုတက်ဆီယမ်ပမာဏကိုတက်စေနိုင်သဖြင့် ကျောက်ကပ် မကောင်းသောသူများတွင် ပိုတက်ဆီယမ် ပမာဏကိုတိုင်းတာရန်။

 

 (7) အခြားဆေးများနှင့်ဓါတ်ပြုမှု

         သွေးထဲတွင် ပိုတက်ဆီယမ်ဓာတ်ကိုများစေနိုင်သဖြင့် ပိုတက်ဆီယမ်ဖြည့်စွက် ဆေးဝါးများ (သို့) ဆီးထဲတွင် ပိုတက်ဆီယမ်ဓာတ်မပါအောင်ထိန်းထားသောဆီးဆေးများနှင့်အတူတွဲမသုံးရ။

        အကိုက်အခဲပျောက်ဆေးများ (NSAIDS) နှင့်အတူသုံးစွဲပါကသွေးပေါင်ကျစေနိုင်သဖြင့် တွဲမသုံးသင့်ပေ။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

        ZydusCadila

 

(9) တင်သွင်းသည့်ကုမ္ပဏီ

        AA Medical

www.drmyanmar.com