Norvasc
(1) ဆေးအမည်
Norvasc
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတစ်ပြားတွင် Amolodipinebesylate5 mg ပါ၀င်ပါတယ်။
(3) ကုသနိုင်သောရောဂါများ
သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ
(4) အသုံးပြုပုံ
သွေးတိုးရောဂါ - တစ်နေ့လျှင် 5mg မှ 10mg
အသည်းမကောင်းသောသူများတွင် တစ်နေ့လျှင်2.5 mg မှစ၍ သောက်ရမည်။
နှလုံးသွေးကြောကျဉ်းရောဂါ - တစ်နေ့လျှင် 5mg မှ 10mg
(5) ဘေးထွက်ဆိုးကျိုး
ရင်တုန်ခြင်း၊ သွေးပေါင်ကျခြင်း၊ ခေါင်းမူးခြင်း၊ ၀မ်းချုပ်ခြင်း၊ လေပွခြင်း၊ ခါးနာခြင်း၊ ကြွက်သားနာကျင်ခြင်း၊ နားပူခြင်း၊ အာခေါင်ခြောက်ခြင်း၊ ရေငတ်ခြင်း၊ နှာရည်ယိုခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
နှလုံးသွေးလွှတ်ကြောမကြီးကျဉ်းသောသူများတွင် သတိပြု၍သုံးစွဲရန်
အသည်းမကောင်းသောသူများ၊ ကိုယ်၀န်ဆောင်များတွင် ချိန်ဆ၍သုံးစွဲရန်။
ကလေးများနှင့် နို့တိုက်မိခင်များတွင်အသုံးမပြုရပါ။
(7) ထုတ်လုပ်သည့်ကုမ္ပဏီ
Pfizer
(8) တင်သွင်းသည့်ကုမ္ပဏီ
Maxxcare















