Optium
(1) ဆေးအမည်
Optium
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေး ၁ တောင့်တွင် Calcium dobesilate 500 mg ပါ၀င်သည်။
(3) ကုသနိုင်သောရောဂါများ
သွေးပြန်ကြောအသေးများတွင်ဖြစ်သောရောဂါများ (အထူးသဖြင့် ဆီးချိုရောဂါ၏ နောက်ဆက်တွဲ အမြင်အာရုံထိခိုက်သောရောဂါ)၊ ခြေထောက်များရှိသွေးပြန်ကြောများ၏စွမ်းဆောင်ရည် လျော့နည်းလာပြီး အချိန်ကြာလာသည်နှင့်အမျှ ဖြစ်ပေါ်လေ့ရှိသောလက္ခဏာများ (နာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ ထုံကျဉ်ခြင်း၊ အရေပြားရောင်ခြင်း)၊ အရေပြားပေါ်ရှိသွေး ပြန်ကြောများအတွင်းသွေးခဲပိတ်ခြင်းကြောင့် သွေးကြောများရောင်ရမ်းခြင်း၊ လိပ်ခေါင်းရောဂါ၊ သွေးလွှတ်ကြောငယ်နှင့် သွေးပြန်ကြောငယ်များအတွင်းဖြစ်သော ရောဂါများ။
(4) အသုံးပြုပုံ
နေ့လည်စာ (သို့) ညစာနှင့်တွဲသောက်ပါ။တစ်ခါသောက် ၁-၂ တောင့်၊ တစ်နေ့ ၁-၂ ကြိမ်
(5) ဘေးထွက်ဆိုးကျိုး
ဖြစ်ခဲသော်လည်းအစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿ နာများ (၀မ်းဗိုက််မအီမသာဖြစ်ခြင်း၊ ပျို့ခြင်း၊ ၀မ်းလျှောခြင်း)၊ အရေပြားအကွက်ပေါ်ခြင်း၊ ယားခြင်းစသည်တို့ဖြစ်ပေါ်နိုင်သည်။
(6)ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ကျောက်ကပ်ဆေးရန်လိုအပ်သည်အထိကျောက်ကပ်ရောဂါ ပြင်းထန်စွာခံစားနေရသောလူနာများတွင် ဆေးပမာဏ လျှော့သုံးရမည်။
(7) ထုတ်လုပ်သည့်ကုမ္ပဏီ
Zifam India / Zifam Pinnacle
(8) တင်သွင်းသည့်ကုမ္ပဏီ
Pyrex
















