/
news/အသုံးများဆေးဝါးများ/osetron

Osetron

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Osetron

(1) ဆေးအမည်

        Osetron

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတပြားတွင် Ondansetron HCL dihydrate 4mg နှင့် ဆေးရည်တပုလင်းတွင် 4mg (သို့) 8mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

        ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်းနှင့် ကင်ဆာဆေးသွင်းကုသခြင်းများကြောင့်ဖြစ်သော ပျို့အန်ခြင်းကို ကုသရန်။

 

(4) အသုံးပြုပုံ

လူကြီး - ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်းနှင့် ကင်ဆာဆေးသွင်းကုသခြင်းကုသမှုမခံယူခင်၌Osetron 8mg ကိုအကြောထဲသို့ ဖြေးညှင်းစွာထိုးသွင်းရမည်။သို့မဟုတ်ကုသမှုမခံယူခင်၌ Osetron 8mg ဆေးပြားကို ကြိုတင်သောက်သုံးရမှာဖြစ်ပြီးထို့နောက် 8mg တနေ့ 2 ကြိမ်သောက်ရမည်။ 5 ရက်အထိ သောက်သုံးနိုင်သည်။

 

(5) ဘေးထွက်ဆိုးကျိုး

        ၀မ်းချုပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဓါတ်မတည့်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှလုံးသွေးကြောကျဉ်းကာ နှလုံးထံ သို့ သွေးပေးပို့မှု နည်းလာသောကြောင့် နှလုံးအောင့်ခြင်း၊ သွေးထဲတွင် ပိုတက်စီယမ်ပမာဏနည်းခြင်း၊ အသည်းအင်ဇိုင်း (AST, ALT) ပမာဏတက်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        ကိုယ်၀န်ဆောင်မိခင်များနှင့် 3 နှစ်အောက်ကလေးများတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်း သုံးစွဲရန်။ နို့တိုက်မိခင်များအသုံးမပြုရ။

 

(7) ထုတ်လုပ်သည့်ကုမ္ပဏီ

        Dr Reddy's

       

(8) တင်သွင်းသည့်ကုမ္ပဏီ

        Hero Int'l

www.drmyanmar.com