Plasmotrim
(1) ဆေးအမည်
Plasmotrim
(2) ပါ၀င်သောဆေးအမျိုးအစား
စအိုထဲထည့်သွင်းရသောဆေးတောင့်တတောင့်တွင် artesunate 50mg (သို့) 200mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
ငှက်ဖျားရောဂါ
(4) အသုံးပြုပုံ
တနေ့ တကြိမ်
လူကြီး
ကိုယ်အလေးချိန် ဆေးပမာဏ
<40 kg ကိုယ်အလေးချိန် တစ်ကီလိုဂရမ်လျှင် ဆေး 10mg နှင့် တွက်ပြီးပေးရမည်။
40-59 kg 400mg(200mg ဆေးတောင့် 2 တောင့်)
60-80 kg 800mg(200mg ဆေးတောင့် 4 တောင့်)
>80 kg 1200mg(200mg ဆေးတောင့် 6 တောင့်)
ကလေး
ကိုယ်အလေးချိန် ဆေးပမာဏ
5-8.9 kg 50mg(50mg ဆေးတောင့် 1တောင့်)
9-19 100mg(50mg ဆေးတောင့် 2တောင့်)
20-29 200mg(200mg ဆေးတောင့် 1တောင့်)
30-39 300mg(50mg ဆေးတောင့် 2 တောင့်+200mg ဆေးတောင့် 1တောင့်)
(သို့)
ဆရာ၀န်ညွှန်ကြားချက်အတိုင်းသောက်ရမည်။
(5) ဘေးထွက်ဆိုးကျိုး
ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ဓါတ်မတည့်ခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
Plasmotrim ကိုငှက်ဖျားရောဂါကာကွယ်ရန် အသုံးမပြုရ။ ကိုယ်၀န်ဆောင်ပထမကာလ 3 လ အတွင်းအသုံးမပြုရ။
(7) ထုတ်လုပ်သည့်ကုမ္ပဏီ
Acino Switzerland
(8) တင်သွင်းသည့်ကုမ္ပဏီ
DKSH















