Sompraz
(1) ဆေးအမည်
Sompraz
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေး ၁ တောင့်တွင် Esomeprazole 20 mg (သို့) 40 mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
စားချဥ့်ပြန်ရောဂါ၊ H.Pylori ပိုးကြောင့်ဖြစ်သော အစာအိမ်နှောင်းပိုင်းအနာ၊ စားချဥ့်ပြန် အစာရေမျိုပြွန်ရောင်ရောဂါ။
(4) အသုံးပြုပုံ
အစာမစားမီအနည်းဆုံး ၁ နာရီစော၍ သောက်ပါ။ ကြိတ်ခြေခြင်း၊ ဝါးစားခြင်း မပြုရပါ။
တစ်ခါသောက် ၂၀-၄၀ mg ၊ တစ်နေ့ ၁ ကြိမ်၊ ၄-၈ ပတ် (သို့) ဆရာ၀န်ညွှန်ကြားချက်အတိုင်းသောက်ပါ။
(5) ဘေးထွက်ဆိုးကျိုး
အဖြစ်နည်းသော်လည်း ကြုံရနိုင်သည်များမှာခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ၀မ်းလျှောခြင်း၊ လေပွခြင်း၊ ဗိုက်နာခြင်း၊ ၀မ်းချုပ်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ ယားယံခြင်း၊ အင်ပြင်ထွက်ခြင်း၊ အမြင်အာရုံေ၀ဝါးခြင်း၊ သွေးလန့်ခြင်း၊ အသည်းအင်ဇိုင်းများတက်လာခြင်း၊ ကြွက်သားနာခြင်း၊ အလွန်ပြင်းထန်သည့် အရေပြားနှင့် အမြှေးပါးရောဂါစု (Stevens-Johnson Syndrome)တို့ဖြစ်ပါသည်။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
Amoxycillin, Clarithromycin တို့နှင့်တွဲ၍ ကုသမှုခံယူနေသူတစ်ချို့တွင် ၁၀ ရက်ခန့်အကြာ၌ ၀မ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ ခံတွင်းပျက်ခြင်းတို့ ကြုံရနိုင်ပါသည်။
အစာအိမ်အနာရောဂါရှိသူဖြစ်ပါက ကင်ဆာဟုတ်မဟုတ် သေချာစွာစမ်းသပ်စစ်ဆေးပြီး ကင်ဆာမဟုတ်မှသာ အသုံးပြုရပါမည်။
(7) အခြားဆေးများနှင့် ဓာတ်ပြုမှု
အိပ်ဆေးdiazepam ၊ စိတ်ကျရောဂါကုဆေး Citalopram Imipramine ၊ Clamipramine ၊ အတက်ရောဂါကုဆေး Phenytoin ၊ သွေးကျဲဆေး Warfarin ၊ အစာအိမ်ရောဂါကုဆေး Cisapride တို့နှင့် တစ်ချိန်တည်း အတူတွဲသောက်ပါက ဓာတ်ပြုမှုများရှိနိုင်သည့်အတွက် ဆေးပမာဏကိုချိန်ဆဖို့လိုအပ်ပါသည်။ ထို့ကြောင့် ဆရာ၀န်ညွှန်ကြားချက်အတိုင်းအတိအကျ လိုက်နာရမည်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Sun Pharma
(9) တင်သွင်းသည့်ကုမ္ပဏီ
Sin ByuGyun















