Strocain
(1) ဆေးအမည်
Strocain
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေး ၁ ပြားတွင်Oxethazaine 5 mg နှင့် Polymigel 244 mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
ရင်ပူခြင်း၊ ပျို့အန်ခြင်း၊ အစာအိမ်နာခြင်း၊ လေချဉ်တက်ခြင်း၊ အစာမျိုပြွန်ရောင်ရမ်းခြင်း၊ အစာအိမ်ရောင်ရမ်းခြင်း၊ အစာအိမ်နှင့် အူသိမ်ဦးပိုင်းအနာ။
(4) အသုံးပြုပုံ
ဆေးကိုကြိတ်ခြေခြင်း၊ ဝါးစားခြင်းမပြုရပါ။ ဆေး ၁ ပြားလုံးကိုတစ်ခါတည်း မျိုချပြီးသောက်သုံးရပါမည်။
တစ်ခါသောက် ၁ လုံး၊ တစ်နေ့ ၃ ကြိမ် (သို့) ဆရာ၀န်ညွှန်ကြားသည့်အတိုင်းသောက်ပါ။
(5) ဘေးထွက်ဆိုးကျိုး
တစ်ခါတစ်ရံတွင်အစာမစားချင်ခြင်း၊ ပျို့အန်ချင်ခြင်း၊အာခေါင်ခြောက်ခြင်း၊ ၀မ်းပိတ်ခြင်းစသည်တို့နှင့် ကြုံတွေ့ရတတ်ပါသည်။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ကိုယ်၀န်ဆောင်များနှင့် နို့တိုက်မိခင်များတွင် ချိန်ဆအသုံးပြုပါ။
အရေပြားယားယံခြင်း၊ ကိုယ်ပူခြင်းစသည့် ဓာတ်မတည့်သော လက္ခဏာများပေါ်လာပါက ဆေးကိုဖြတ်သင့်ပါသည်။
(7) အခြားဆေးများနှင့်ဓာတ်ပြုမှု
ပဋိဇီ၀ဆေး Tetracycline ၊ သံဓာတ်ပါ၀င်သောဆေးများနှင့် တွဲဖက်သုံးစွဲပါက ၎င်းဆေးများကို ခန္ဓာကိုယ်မှစုပ်ယူနိုင်စွမ်းကျဆင်းသွားစေပါသည်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Eisai
(9) တင်သွင်းသည့်ကုမ္ပဏီ
DKSH
















