Ulcemet
(1) ဆေးအမည်
Ulcemet
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးတစ်ပြားတွင်Cimetidine 200 mg ပါ၀င်သည်။
(3) ကုသနိုင်သောရောဂါများ
အူသိမ်ဦးပိုင်းအနာ၊ ကင်ဆာမဟုတ်သေးသောအစာအိမ်အနာ၊ စားချဥ့်ပြန် အစာရေမျိုပြွန်ရောင်ရောဂါ၊ အစာအိမ်မှ အက်ဆစ်အထွက်များသောZollinger – Ellison ရောဂါစု၊ အစာအိမ်နှင့် အူလမ်းကြောင်းသွေးယိုစီးခြင်း၊ ခွဲစိတ်မှုအပြီးအစာအိမ်နှင့် အူသိမ်ဦးပိုင်းမှ သွေးယိုစီးခြင်း၊ အူအရှေ့ပိုင်းခွဲစိတ်ထားခြင်းကြောင့် ခန္ဓာကိုယ်မှ အာဟာရဓာတ်များကောင်းစွာမစုပ်နိုင်သူများ၊
(4) အသုံးပြုပုံ
တစ်ခါသောက် ၁ လုံး၊ တစ်နေ့ ၄ ကြိမ် (သို့) ဆရာ၀န်ညွှန်ကြားသည့်အတိုင်းသောက်ပါ။
(5) ဘေးထွက်ဆိုးကျိုး
အသည်းရောင်ခြင်း၊ ၀မ်းပျက်ခြင်း၊ ကြွက်သားနာခြင်း၊ ခေါင်းမူးခြင်း၊ အရေပြားပေါ်တွင်အဖုများ ထွက်လာခြင်း၊ သွေးတွင်း Creatinine ဓာတ်နှင့် Transaminase ဓာတ်များယာယီတက်လာခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
အသည်းအလွန်အကျွံ ပျက်စီးနေသူများနှင့် ကျောက်ကပ်ရောဂါရှိသူများတွင် ဆေးပမာဏကိုလျှော့၍ သုံးစွဲရမည်။
ကိုယ်၀န်ဆောင်များနှင့် နို့တိုက်မိခင်များ အမှန်တကယ်လိုအပ်ပါက ဆရာ၀န်ညွှန်ကြားချက် အတိုင်းသောက်သုံးပါ။
Ulcemet ဖြတ်ပြီးသွားပါကရောဂါလက္ခဏာများ ပြန်လည်ပေါ်တတ်သည်။
အစာအိမ်အနာရှိလျှင် ကင်ဆာဟုတ်မဟုတ် သေချာစွာစစ်ဆေးပြီးမဟုတ်မှသာအသုံးပြုရပါမယ်။
အစာအိမ်လေနာပျောက်ဆေး (Antacids) များအား Ulcemet သောက်ပြီးတစ်နာရီကြာမှသာ သောက်သုံးရမည်။
ကလေးများတွင် မသုံးစွဲရပါ။
(7) အခြားဆေးများနှင့် ဓာတ်ပြုမှု
သွေးကျဲဆေး၊ စိတ်ရောဂါတွင်သုံးသော Benzodiazepines ၊ အတက်ကျဆေး Phenytoin၊ ပန်းနာရင်ကျပ်ပျောက်ဆေး Theophylline နှင့် နှလုံးနှင့်သွေးတိုးရောဂါကုဆေး b – Blockers များနှင့် တွဲဖက်သုံးစွဲပါက၎င်းဆေးများ၏အာနိသင်ပြချိန် ကြာမြင့်သွားတတ်၍သတိထားပြီးသောက်သုံးရမည်။ အအန်ပျောက်ဆေး Metoclopramide နှင့်တွဲဖက်သုံးစွဲပါက Metoclopramide ကို ခန္ဓာကိုယ်မှ စုပ်ယူနိုင်စွမ်းကျဆင်းတတ်သည်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
T O Chemicals
(9) တင်သွင်းသည့်ကုမ္ပဏီ
Bio Chemicals















