/
news/အသုံးများဆေးဝါးများ/ultracet

Ultracet

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Ultracet

(1) ဆေးအမည်      

       Ultracet

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတပြားတွင် tramadol HCL 37.5mg နှင့် paracetamol325mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

        နာကျင်ကိုက်ခဲသည့်ေ၀ဒနာအမျိုးမျိုး

 

(4) အသုံးပြုပုံ

        16 နှစ်အထက်ကလေးနှင့် လူကြီးများတွင် ဆေးပြားတပြားမှ နှစ်ပြား 4 နာရီမှ 6 နာရီခြားသောက်ရ မည်။တနေ့လျှင်အများဆံုံးဆေးပြား 8 ပြားထက်မပိုရ။

 

(5) ဘေးထွက်ဆိုးကျိုး

        ပျို့အန်ခြင်း၊ အိပ်ငိုက်ခြင်း၊ နုံးခွေခြင်း၊ ခေါင်းကိုက်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ၀မ်းလျောခြင်း၊ ယားယံခြင်း၊ အနီစက်ထွက်ခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သွေးတိုးခြင်း၊ ခေါင်းချာချာလည်မူးခြင်း၊ နားအူခြင်း၊ ရင်တုန်ခြင်း၊ အသက်ရှူမ၀ခြင်း၊ ထင်ရောင်ထင်မှားဖြစ်ခြင်း၊ သွေးပေါင်ကျခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        ဓါတ်မတည့်သူများ၊ အရက်အဆိပ်သင့်သူများ၊ မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲထားသူများ၊ အိပ်ဆေး အလွန်အကျွံသုံးစွဲသူများတွင်အသုံးမပြုရ။ 16 နှစ်အောက်ကလေးများနှင့် နို့တိုက်မိခင်များ အသုံးမပြုရ။

          အတက်ရောဂါရှိသူများ၊ ကျောက်ကပ်ရောဂါရှိသူများနှင့် ကိုယ်၀န်ဆောင်များတွင် ဆရာ၀န် ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။ဗဟိုအာရုံကြောစနစ်ကိုအားနည်းစေသော ဆေးဝါးများ (ဥပမာ - phenothiazines နှင့်အိပ်ဆေးများ) သုံးစွဲနေသူများတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။

          ဦးခေါင်းထိခိုက်ဒဏ်ရာရသူများ၊ ဦးနှောက်တွင်းရှိသွေးဖိအားမြင့်တက်နေသူများတွင် ချိန်ဆ၍သုံးစွဲရန် ကားမောင်းသောသူများနှင့် စက်ကိုင်တွယ်မောင်းနှင် သူများတွင် ချိန်ဆ၍အသုံးပြုရမည်။

 

(7) အခြားသောဆေးများနှင့် ဓါတ်ပြုမှု

          Selective Serotonin Reuptake Inbibitors (SSRI)၊စိတ်ကျရောဂါကုဆေး (TCA) နှင့် မူးယစ်ဆေးဝါး သုံးစွဲနေသူများတွင် tramadol ပါ၀င်သောဆေးဝါးများအသုံးပြုပါက အတက်ရောဂါဖြစ်ပွားမှု ကို မြင့်တက်စေသဖြင့် သတိပြု၍သုံးစွဲရန်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          Janssen-Cilag

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          DKSH

www.drmyanmar.com