/
news/အသုံးများဆေးဝါးများ/unima-enema

Unima Enema

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Unima Enema

  (1) ဆေးအမည်      

            Unima Enema

 

  (2)ပါ၀င်သောဆေးအမျိုးအစား

            ၀မ်းချူတောင့် ၁ တောင့်တွင် Sodium Biphosphate 19 g နှင့် Sodium Phosphate 7 g ပါ၀င်ပါသည်။

 

  (3)ကုသနိုင်သောရောဂါများ

            ၀မ်းပိတ်ခြင်း၊ အချို့သောစမ်းသပ်မှုများမပြုမီ (သို့) ခွဲစိတ်မှုမလုပ်မီအစာအိမ်နှင့် အူလမ်းကြောင်း ရှင်းလင်းစေရန် အသုံးပြုခြင်း၊

 

  (4) အသုံးပြုပုံ

            တစ်ခါသုံး ၁ တောင့်

 

  (5)ဘေးထွက်ဆိုးကျိုး

            ဖြစ်ခဲပါသည်။

 

  (6) ကြိုတင်သတိပြုရမည့်အချက်များနှင့် အသုံးပြုရန် မသင့်တော်သူများ

            ရောဂါမရှာရသေးသောစအိုမှ သွေးထွက်နေသည့် အခြေအနေ၊ နှလုံးညှစ်အားမကောင်း သည့်ရောဂါ၊ သွေးတိုးရောဂါ၊ အူပိတ်ခြင်း၊ အူအတက်ရောင်ရောဂါ၊ ရေဓာတ်ဆုံးရှုံးနေသူများ၊ ကျောက်ကပ် လုပ်ဆောင်မှုမကောင်းသူများအသုံးမပြုရပါ။

            ၀မ်းသွားသည့်အကျင့် ရုတ်တရက်ပြောင်းလဲသွားသည်မှာ ၂ ပတ်ကျော်ကြာသွားပါက ဆရာ၀န်နှင့် သေချာစွာ တိုင်ပင်ပါ။

            ကိုယ်၀န်ဆောင်များနှင့် ၆ နှစ်အောက်ကလေးများတွင် အသုံးမပြုသင့်ပါ။ အမှန်တကယ်လိုအပ်၍ ဆရာ၀န်ညွှန်ကြားမှသာအသုံးပြုသင့်ပါသည်။

           

(7) ထုတ်လုပ်သည့်ကုမ္ပဏီ

            Unison

 

(8) တင်သွင်းသည့်ကုမ္ပဏ

            R.Oasis

www.drmyanmar.