/
news/အသုံးများဆေးဝါးများ/zycel

Zycel

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Zycel

(1) ဆေးအမည်

       Zycel

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးတောင့်တစ်တောင့်တွင် celecoxib 100mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

          Osteoarthritis (အသက်ကြီးခြင်းကြောင့်ဖြစ်သော အရိုးအဆစ်ရောင်ရမ်းနာ )

          Rheumatoid arthritis (ရူမတစ် အဆစ်အမြစ်ရောင်ရမ်းနာ)တွင် ရောဂါလက္ခဏာများသက်သာစေရန်

 

(4) အသုံးပြုပုံ

          Osteroarthritis အတွက်  200mg တစ်နေ့တစ်ကြိမ် (သို့မဟုတ်) 100 mg တစ်နေ့နှစ်ကြိမ်

          Rheumatiod arthritis  အတွက် 100mg မှ 200mg တနေ့ 2 ကြိမ်

 

(5) ဘေးထွက်ဆိုးကျိုး

        ဗိုက်အောင့်ခြင်း၊ ၀မ်းလျောခြင်း၊ လေပွခြင်း၊ ပျို့အန်ခြင်း၊ ခါးနာခြင်း၊ ဖောရောင်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ လည်ချောင်းရောင်ခြင်း၊ နှာခေါင်းအတွင်း အသားနုရောင်ရမ်းခြင်း၊ ထိပ်ခပ်နာ၊ အသက်ရှူ လမ်းကြောင်းအထက်ပိုင်းတွင် ကူးစက်ပိုး၀င်ရောက်ခြင်း၊ အင်ပြင်ထွက်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          Celecoxib နှင့် ဓါတ်မတည့်သူများ၊ Sulphonamide (ဆာလဖာ)နှင့် ဓါတ်မတည့်သူများ၊ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများနှင့် ဓာတ်မတည့်သူများ အသုံးမပြုရ။

          စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးသုံးစွဲနေသူများ၊ ကျောက်ကပ်မကောင်းသောသူများ၊ ကိုယ်၀န်ဆောင်များ၊ နို့တိုက်မိခင်များ၊ နှလုံးမကောင်းသောသူများ၊ သွေးတိုးရောဂါနှင့် အသည်းရောဂါရှိသူများတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။

 

(7) အခြားသောဆေးများနှင့်ဓါတ်ပြုမှု

        သွေးတိုးရောဂါကုဆေး ACEI နှင့်တွဲသုံးပါက ၎င်းဆေးများ၏အာနိသင်ကို လျော့ကျစေပါသည်။ မှိုရောဂါကုဆေး၊ fluconazole နှင့်တွဲသုံးပါက သွေးရည်ကြည်တွင်းရှိ Celecoxib ပမာဏကိုမြင့်တက်စေပါသည်။ သွေးကျဲဆေး warfarin နှင့် တွဲသုံးပါက သွေးထွက်များခြင်းကို ဖြစ်စေနိုင်သဖြင့် ချိန်ဆ၍အသုံးပြု သင့်ပါသည်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          Zydus Cadila

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          AA Medical

www.drmyanmar.com